ရုရှားနဲ့ ဂျော်ဂျီယာတို့ နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာမှုတွေဖြစ်ပြီးနောက် ရုရှားကနေ ဂျော်ဂျီယာကိုပျံသန်းနေတဲ့လေကြောင်း ခရီးစဉ်တွေကို ရုရှားဘက်က ပိတ်ပင်လိုက်ပါတယ်။ ရုရှားနိုင်ငံကနေ ဂျော်ဂျီယာနိုင်ငံကိုပျံသန်းနေတဲ့ခရီးသည်တင်လေကြောင်းခရီးစဉ်တွေကို ဇူလိုင်(၈)ရက်မှာ ရုရှားကပိတ်ပင် လိုက်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကဇွန်(၂၁)ရက်မှာ အဲဒီပိတ်ပင်တဲ့အမိန့်ကိုလက်မှတ်ရေးထိုးခဲ့ပြီး ဂျော်ဂျီယာနိုင်ငံ ကိုပျံသန်းတဲ့ခရီးသည်တင်လေယာဉ်တွေကို ဇူလိုင်(၈)ရက်ကစလို့ရပ်ဆိုင်းခဲ့ပါတယ်။ အမိန့်ထုတ်ပြန်ပြီးနောက် ဂျော်ဂျီယာလေ ကြောင်းလိုင်းရဲ့လေကြောင်းခရီးစဉ်တွေ ရုရှားပိုင်နက်ထဲ ၀င်ရောက်မှုကိုဇူလိုင်(၈)ရက်ကစပြီးတားဆီးခဲ့ တယ်လို့ရုရှားပို့ဆောင် ရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။ နှစ်နိုင်ငံကြားဆက်ဆံရေးတင်းမာမှုတွေကြောင့် အခုလိုပိတ်ပင်မှုတွေဖြစ်ပေါ်ခဲ့တာပါ။ ဂျော် ဂျီယာနိုင်ငံမြို့တော် တဘီဆီလီမှာ ရုရှားဥပဒေပြုအမတ်တစ်ဦးလာရောက်လည်ပတ်မှုကိုကန့်ကွက်တဲ့ အနေနဲ့ ဂျော်ဂျီယာနိုင် ငံသားထောင်ချီလွှတ်တော်အဆောက်အဦရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြပြီးနောက်မှာ ဆက်ဆံရေးတင်းမာမှုတွေအရှိန်မြင့်လာခဲ့ပါ တယ်။ ဂျော်ဂျီယာလွှတ်တော်ဥက္ကဌ အီရာကလီ ကိုဘာဟီဇီက ဇွန်(၂၁)ရက်မှာရာထူးကနေနုတ်ထွက်ခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ရဲ(၈၀)ဦး အပါအ၀င် အနည်းဆုံးလူ(၂၄၀)ဦးဒဏ်ရာရခဲ့ပြီး ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့လူ(၃၀၅)ဦးထိန်းသိမ်းခံခဲ့ရပါတယ်။

 

 

Related News