ဇွန်မှာကတည်းက ဒေသခံသန်းချီပါဝင်တဲ့ကန့်ကွက်ဆန္ဒပြမှုတွေကြုံနေရတဲ့ တရုတ်ပြည်မကြီးဆီတရားခံလွှဲပြောင်းပေးနိုင်တဲ့ ဥပဒေကြမ်းဟာ အသက်ဝင်လာတော့မှာမဟုတ်ဘူးလို့ ဟောင်ကောင်အုပ် ချုပ်ရေးမှူးက အတည်ပြုပါတယ်။ ပြီးခဲ့တဲ့လနဲ့အခုလအစောပိုင်းအထိဟောင်ကောင်ဒေသခံတွေရဲ့ကန့်ကွက်ဆန္ဒပြမှုတွေကြုံခဲ့ရတဲ့ တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းဟာ လုံးဝအသက်ဝင်လာတော့မှာမဟုတ်ဘူးလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်ကအင်္ဂါနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာအတည်ပြုပါတယ်။ဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ဟောင်ကောင်အစိုးရရဲ့ကြိုးစားမှုတွေက လုံးဝမအောင် မြင်ခဲ့ဘူးလို့ လမ်ကပြောပါတယ်။ လမ် ကအသက်မ၀င်တော့ဘူးလို့ပြောပေမဲ့ ဆန္ဒပြသူတွေကတော့ နောက်ထပ်လူအများကြီးပါတဲ့ လူထုစုဝေးမှုတွေလုပ်ဖို့ ကတိပြုထားပါတယ်။ဥပဒေကြမ်းတင်သွင်းခဲ့လို့ ဟောင်ကောင်မှာသီတင်းပတ်နဲ့ချီတဲ့အုံကြွမှုတွေဖြစ်ခဲ့ပြီး ဟောင်ကောင်အစိုးရကဥပဒေကြမ်းကိုအချိန်အကန့်အသတ်မဲ့ရွှေ့ဆိုင်းထားပါတယ်။လက်ရှိဟောင်ကောင်လွှတ်တော်သက်တမ်းကုန်မယ့် (၂၀၂၀)ပြည့်နှစ်မှာ ဥပဒေကြမ်းလုံးဝအသက်ဝင်တော့မှာ မဟုတ်ဘူးလို့ လမ်ကအရင်တုန်းကလည်းပြောဖူးပါတယ်။ လမ်က ဥပဒေကြမ်းအသက်ဝင်တော့မှာမဟုတ်ဘူးလို့ပြောပြီး ဒေါသထွက်နေတဲ့ဆန္ဒပြသူတွေကိုထိန်းဖို့ကြိုးစားပေမဲ့ ဆန္ဒပြပွဲ ခေါင်းဆောင်တွေကတော့ အခုလိုပြောတာကိုဒေါသတကြီး တုံ့ပြန်နေကြပါတယ်။ ပြီးခဲ့တဲ့ဆန္ဒပြမှုတွေအတွင်း ထိန်းသိမ်းခံ ထားရတဲ့ လူတွေကိုစွဲချက်ကင်းလွတ်ခွင့်ပြုဖို့နဲ့ ဥပဒေကို အပြီးတိုင် ဖျက်သိမ်းပေးဖို့အပါအ၀င် ဆန္ဒပြသူတွေရဲ့အဓိက တောင်းဆို ချက်(၅)ချက်ကိုဟောင်ကောင်အစိုးရကမလိုက်လျောသရွှေ့ နောက်ထပ်ဆန္ဒပြသွားဦးမယ်လို့ ဆန္ဒပြပွဲတွေစီစဉ်နေတဲ့ အရပ်ဖက် လူမှုအခွင့်အရေးတပ်ဦးကဘွန်နီလျန်က ပြောပါတယ်။

 

Related News