အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လို့ ဈေးကွက်မတည်မငြိမ်ဖြစ်နေချိန်မှာ ရေနံဈေးနှုန်းတွေ ဇူလိုင်(၉)ရက်မှာမြင့် တက်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လို့ ဈေးကွက်မတည်မငြိမ်ဖြစ်နေချိန်မှာ ဇူလိုင်(၉)ရက်မှာ ရေနံဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ သြဂုတ်လအတွက် West Texas Intermediateဈေးနှုန်းက ရေနံတစ်စည်ကို (၁၇)ဆင့်တက်ခဲ့ပြီး တစ်စည် ကို(၅၇.၈၃)ဒေါ်လာရှိနေချိန်မှာ သြဂုတ်လအတွက် ဘရန့်ဈေးနှုန်းကတော့  တစ်စည်ကို(၅)ဆင့်တက်ခဲ့ပြီး တစ်စည်ကို(၆၄.၁၆) ဒေါ်လာရှိနေပါတယ်။ အီရန်က ဇူလိုင်(၈)ရက်မှာ ယူရေနီယံသိုလှောင်မှုကို (၂၁၀၅)ခုနှစ် အီရန်နျူကလီးယားသဘောတူညီ ချက်ကသတ်မှတ်ထားတဲ့ကန့်သတ်ချက်ဖြစ်တဲ့ (၃.၆၇)ရာခိုင်နှုန်းကို (၄.၅)ရာခိုင်နှုန်းမြှင့်တင်ခဲ့ပါတယ်။ ဒါဟာနျူကလီးယား သဘောတူစာချုပ်ကို အန္တရာယ်ဖြစ်အောင်လုပ်ဖို့ အီရန်ကတစ်ဆင့်တက်လာဖြစ်ပြီး အမေရိကန်က အီရန်ကိုစီးပွားရေးပိတ်ဆို့ မှုတွေ ဆက်လုပ်မှာဖြစ်တဲ့အပြင် အမေရိကန်ရဲ့အကျိုးစီးပွားကိုကာကွယ်မှာဖြစ်တယ်လို့ အမေရိကန်ဒုတိယသမ္မတ မိုက်ခ်ပန့်စ် ကပြောပါတယ်။ အီရန်က သတ်မှတ်ထားတဲ့ယူရေနီယံပမာဏထက်ပိုပြီးသိုလှောင်နေတဲ့အတွက် စိုးရိမ်မိတယ်လို့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ (EU)တို့ကအဆင့်မြင့်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒီကိစ္စရပ်အတွက်ပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

 

Related News