(၁၉၆၅) ခုနှစ်မှာ ပထမဆုံးအကြိမ်ဖွင့်ခဲ့တဲ့ ဘန့်ပိရမစ်ကို ပြန်မွမ်းမံဖို့နဲ့ ပြင်ဆင်ဖို့ ပိတ်ခဲ့ပြီးနောက် ဇူလိုင်(၁၃)ရက်မှာ အီဂျစ်ရှေးဟောင်းပစ္စည်းဝန်ကြီးဌာနကပြန်ဖွင့်ခဲ့ပါတယ်။အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုတောင်ဘက် (၂၅)မိုင်အကွာမှာရှိတဲ့ နှစ်ပေါင်း(၄၆၀၀)သက်တမ်းရှိဘန့်ပိရမစ်ကို အီဂျစ်ရှေးဟောင်း ပစ္စည်းဆိုင်ရာဝန်ကြီးဌာနက စနေနေ့မှာပြန်ဖွင့်ခဲ့ပါတယ်။ ပြန်မွမ်းမံရေးနဲ့ ပြင်ဆင်ရေးတို့အတွက် ဘန့်ပိရမစ်ကိုပိတ်ခဲ့ပြီးနောက် (၁၉၆၅)ခုနှစ်မှာ ပထမဆုံးအကြိမ်ဖွင့်ခဲ့တာပါ။ ဘန့်ပိရမစ်ကို ဆနီဖရူ ဖာရိုခေတ်၊ ဘီစီ(၂၆၀၀)၀န်းကျင်မှာ တည်ဆောက်ခဲ့ပြီး အောက်ခြေကနေထိပ်အထိစောင်းနေတဲ့ထောင့်ချိုးနှစ်ခုရှိနေလို့ ဘန့် ထောင့်ချိုးနှစ်ခုပိရမစ်ဆိုပြီး အမည်ပေးခဲ့ပါတယ်။

ဘန့်ပိရ မစ်ဟာ အမြင့်(၁၀၁)မီတာရှိပြီး အောက်ခြေအကျယ်(၁၈၈)မီတာနီးနီးရှိပါတယ်။ ပိရမစ်မြောက်ပိုင်းမှာ ရုပ်အလောင်းတွေမြှုပ် ထားတဲ့အခန်းနဲ့ (၈၀)မီတာရှည်တဲ့လမ်းကျဉ်းပေါက်ကို လာလည်သူတွေအတွက်ဖွင့်ပေးထားပါတယ်။ ဆနီဖာရူဟာ အီဂျစ်နိုင်ငံ ရဲ့အကြီးဆုံးဖြစ်တဲ့ဂီဇာပိရမစ်ကိုတည်ဆောက်ခဲ့တဲ့ ကူဖူဘုရင်ရဲ့ခမည်းတော်ဖြစ်ပြီး စတုတ္ထမြောက်ဖာရိုမင်းဆက်တည်ထောင် သူလည်းဖြစ်ပါတယ်။ တူးဖော်နေတုန်းမှာ သစ်သားနဲ့လုပ်ထားတဲ့ အခေါင်းအဖုံးတွေကိုတွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပေါင်း(၂၆၀၀) လောက်ကတည်းကရှိနေတဲ့ ကျောက်တုံးတွေဖြတ်ဖို့အသုံးပြုတဲ့ကိရိယာအသေးစားတွေကိုလည်းတွေ့ခဲ့ပါတယ်။

 

 

Related News