ပါကစ္စတန်ပိုင်ကတ်ရှ်မီးယားနယ်မြေဘက်ခြမ်းမှာ ရုတ်တရက်မိုးကြီးလို့ ရေကြီးခဲ့ပြီးနောက် အနည်းဆုံးလူ(၂၄)ယောက်သေဆုံးခဲ့ပြီးလူတော်တော်များများပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေကတနင်္လာနေ့မှာပြောပါတယ်။ ရေကြီးခဲ့လို့ အိမ်(၁၅၀) ကျော်နဲ့ ဗလီ(၂)ကျောင်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ (၉)ယောက်ကဒေသခံတွေဖြစ်ပြီး (၁၁)ယောက် ကတော့ ဗလီမှာ ၀တ်လာပြုတဲ့လူတွေဖြစ်ပါတယ်။ လုံခြုံရေးဝန်ထမ်း(၂)ယောက်လည်းရေထဲမျောပါသေဆုံးခဲ့ပါတယ်။ အပျက် အစီးများခဲ့တဲ့အပြင် ဆက်သွယ်ရေးစနစ်တွေမှာလည်းအထိအခိုက်ရှိခဲ့ပြီးအင်တာနက်လိုင်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ ပိတ်မိနေတဲ့လူ(၅၂)ယောက်ကိုဘေးလွတ်ရာကယ်ထုတ်ပေးနိုင်ခဲ့ပြီးသူတို့တွေအတွက် အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေဖန် တီးပေးထားပါတယ်။ အခုရွာသွန်းခဲ့တဲ့မိုးကိုတိမ်ပြိုမိုးလို့သတ်မှတ်ထားပြီးတစ်နာရီမိုးရေချိန်(၁၀)စင်တီမီတာနှုန်းလောက်နဲ့ အ ချိန်ခဏရွာတဲ့မိုးဖြစ်ပါတယ်။

 

 

Related News