ပြီးခဲ့တဲ့တစ်ပတ်မှာ ပြင်သစ်နိုင်ငံကဧရာမဒစ်ဂျစ်တယ်ကုမ္ပဏီကြီးတွေကိုအခွန်ကောက်ဖို့အတည်ပြုခဲ့ပြီးတဲ့နောက် အခုတစ်ပတ် ပြင်သစ် နိုင်ငံမှာ ကျင်းပနေတဲ့ G-7ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးမှာ ဒစ်ဂျစ်တယ်အခွန်အရေးဦးစားပေးဆွေး နွေးနေပါ တယ်။ ပြင်သစ်နိုင်ငံတောင်ပိုင်းချန်တီလီမြို့မှာ G-7အဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ (၂)ရက်ကြာအစည်းအဝေးမှာ ပြင် သစ်နဲ့အမေရိကန်နိုင်ငံတို့ကြား အငြင်းပွားနေတဲ့ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်ကိစ္စကို ဦးစားပေးဆွေးနွေးနေပါတယ်။ ပြင်သစ် နိုင်ငံကလက်ရှိG-7ဥက္ကဋ္ဌဖြစ်နေချိန်မှာမညီမျှမှုတွေကိုတိုက်ဖျက်ဖို့ကြိုးစားတဲ့အနေနဲ့ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဘရူနိုလီမာရေး ကဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နဲ့ကနေဒါနိုင်ငံတို့က ဘဏ္ဍာရေးဝန်ကြီးတွေကိုဖိတ်ကြားပြီးဆက်စပ်ဆွေးနွေး မှုတွေလုပ်နေတာပါ။

တစ်နှစ်ရောင်းအားယူရိုသန်း(၇၅၀)ကျော်ရှိပြီး ပြင်သစ်နိုင်ငံမှာအနည်းဆုံးရောင်းအားယူရို(၂၅)သန်းရှိနေတဲ့ ကမ္ဘာ့ထိပ်တန်းဒစ်ဂျစ်တယ်ကုမ္ပဏီကြီးတွေကိုအခွန်ကောက်ခံဖို့ ဇူလိုင်(၁၁)ရက်မှာ ပြင်သစ်လွှတ်တော်ကအတည်ပြုလိုက် ပါတယ်။ ပြင်သစ်ကဂူဂယ်၊ အက်ပဲလ်၊ ဖေ့စ်ဘွတ်နဲ့ အမေဇုန်ကုမ္ပဏီတို့ကို အခွန်တိုးကောက်မယ့်လုပ်ရပ်ကြောင့် တကယ်လို့ နှစ်နိုင်ငံညှိနှိုင်းမှုတစ်ခုမလုပ်နိုင်ရင် အမေရိကန်ကလည်းစုံစမ်းမှုတွေလုပ်ပြီး ပြင်သစ်သွင်းကုန်တွေကိုစည်းကြပ်ခွန်တိုးကောက် ဖို့ပြင်ဆင်နေပါတယ်။ အခုဆွေးနွေးမှုဟာ ပြင်သစ်ကဒစ်ဂျစ်တယ်အခွန်ကောက်မယ်လို့ကြေညာပြီးနောက် ပြင်သစ်နဲ့အမေရိ ကန်ဘဏ္ဍာရေးဝန်ကြီးတွေပထမဆုံးတွေ့ဆုံတာပါ။

 

 

Related News