ပြီးခဲ့တဲ့(၈)ရက်အတွင်းမှာတတိယမြောက်လက်နက်စမ်းသပ်မှုကိုသောကြာနေ့မနက်ပိုင်းမှာမြောက်ကိုရီးယားနိုင်ငံက ပြုလုပ်ခဲ့ပါတယ်။သောကြာနေ့မနက်ပိုင်းမှာမြောက်ကိုရီးယားနိုင်ငံကလက်နက်နှစ်ခုပစ်လွှတ်ခဲ့ပြီးအဲဒီလက်နက်တွေဟာအမျိုးအစားသစ်တာတိုပစ်ဒုံးကျည်တွေဖြစ်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေကခန့်မှန်းနေပါတယ်။ မြောက်ကိုရီးယားနိုင်ငံအရှေ့ဘက်ကမ်းခြေကနေပစ်လွှတ်လိုက်တဲ့လက်နက်တွေဟာ ပြီးခဲ့တဲ့(၈)ရက်အတွင်းတတိယမြောက်လက်နက်စမ်းသပ်မှုပါ။အခုလမှာအမေရိကန်-တောင်ကိုရီးယားပူးပေါင်းစစ်ရေးလေ့ကျင့်ဖို့ရှိနေတာကိုတုံ့ပြန်တဲ့အနေနဲ့ လက်နက်တွေစမ်းသပ်နေတာလို့ ရှူမြင်နေကြပါတယ်။ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားနဲ့ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေကိုမဖျက်သိမ်းသေးသရွှေ့ နိုင်ငံတကာပိတ်ဆို့မှုတွေကိုအပြည့်အ၀အကောင်အထည်ဖော်ဖို့လိုတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေကပြောပါတယ်။ ဒုံးကျည်တွေကအမြင့်(၁၅)မိုင်လောက်တက်ခဲ့ပြီးကီလိုမီတာ(၂၂၀)လောက်အဝေးရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့တစ်ပတ်ကပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေလိုပဲအမျိုးအစားသစ်ဒုံးကျည်တွေဖြစ်နိုင်ချေများတယ်လို့ တောင်ကိုရီးယာသမ္မတရုံးပြောခွင့်ရှိသူကပြောပါတယ်။ မြောက်ကိုရီးယားက ပြီးခဲ့ရက်ပိုင်းအတွင်းအကြိမ်ခပ်စိတ်စိတ်ဒုံးကျည်စမ်းသပ်မှုတွေလုပ်နေပေမဲ့ ပစ်လွှတ်မှုတွေကစံချိန်စံညွှန်းအတိုင်းဖြစ်နေပြီးဇွန်လကုန်ကမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်နဲ့သူနဲ့ဆွေးနွေးခဲ့တာတွေနဲ့မပတ်သက်လို့ စိုးရိမ်မှုမရှိဘူးလို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောပါတယ်။

 

 

Related News