ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ကို အမေရိကန်ကအနုမြူဗုံးကြဲခဲ့တဲ့ (၇၄)နှစ်မြောက်နှစ်ပတ်လည် နေ့ကို သြဂုတ်(၆)ရက်က ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ ဒုတိယကမ္ဘာစစ်ကာလက အမေရိကန်အဏုမြူဗုံးကြဲခံရတဲ့(၇၄)နှစ်မြောက်နှစ်ပတ်လည်နေ့ကို သြ ဂုတ်(၆)ရက်ကကျင်းပခဲ့ပါတယ်။ ဟီရိုရှီးမားမြို့က ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံမှာ ကျင်းပတဲ့နှစ်ပတ်လည်အောက်မေ့ဖွယ် အခမ်းအနားကို နိုင်ငံနဲ့ဒေသပေါင်း(၉၀)ခန့်ကကိုယ်စားလှယ်တွေအပါအ၀င် လူ(၅၀၀၀၀)၀န်းကျင်တက်ရောက်ခဲ့ကြပြီး သေဆုံး ခဲ့တဲ့လူတွေနဲ့ ငြိမ်းချမ်းရေးအတွက်ဆုတောင်းခဲ့ကြပါတယ်။

အခမ်းအနားကို နံနက်(၈)နာမှာစတင်ခဲ့ပြီး ဟီရိုရှီးမားမြိုတော်ဝန် ကာဇူမီ မက်ဆူအိနဲ့ သေဆုံးခဲ့တဲ့မိသားစုတွေရဲ့ကိုယ်စားလှယ်တွေတက်ရောက်ကြပြီး ကျဆုံးစစ်သည်များအထိမ်းအမှတ် ကျောက်တိုင်မှာ နေရာ ယူခဲ့ကြပါတယ်။ အဏုမြူဗုံးဒဏ်ခံရပြီးနောက်ပိုင်းမှာချုပ်ဆိုခဲ့တဲ့ ငြိမ်းချမ်းရေးကြေညာစာတမ်းကို  မက်ဆူအိက ဖတ်ကြားခဲ့ပါတယ်။

ကုလသမဂ္ဂနျူကလီးယားလက်နက်များတားဆီးခြင်းစာချုပ်ကိုလက်မှတ်ရေးထိုးပြီး အတည်ပြုမှုကို သဘောတူညီဖို့ အစိုးရကိုတောင်းဆိုခဲ့ပြီး ကမ္ဘာပေါ်ကလူသားတွေအားလုံးကို နျူကလီးယားလက်နက်တွေစွန့်လွှတ်ဖို့နဲ့ ထာ ၀ရငြိမ်းချမ်းရေးရအောင် အတူတကွဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အဖြူရောင်ချိုးငှက် တွေကိုလွှတ်ခဲ့ပါတယ်။ အခမ်းအနားမှာ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေးက မိန့်ခွန်းပြောခဲ့ပြီး အစိုးရက နျူကလီးယားလက်နက် မရှိတဲ့မူဝါဒကို ဆက်လက်လိုက်နာမယ်လို့ပြောပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်းမှာ ဂျပန်နိုင်ငံဟာ ပထမဆုံး အဏုမြူဗုံးဒဏ် သင့်ခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။

 

Related News