အလုပ်မလုပ်တော့တဲ့စွန့်ပစ်မိုဘိုင်းဖုန်းတွေကို အိုင်ဗရီကို့စ်နိုင်ငံက လူငယ်တစ်ဦးအတွက်က အနုပညာလက်ရာတွေအဖြစ် ဖန်တီးရာမှာ အသုံးပြုနေပါတယ်။အနောက်အာဖရိကဒေသ၊ အိုင်ဗရီကို့စ်နိုင်ငံမှာရှိတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဟာ စွန့်ပစ်မိုဘိုင်းဖုန်းတွေကိုအသုံးပြုပြီး အနုပညာတွေဖြစ်အောင် (၂၀၁၆)ခုနှစ်ကတည်းက ဖန်တီးနေပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံ၊ အဘစ်ဂျာမြို့မှာနေထိုင်တဲ့ အသက် (၂၅)နှစ် အရွယ်မိုနို ဒဆိုင်းယားကော့ဖ်ဖီဟာ အချိန်(၄)ပတ်လောက်ပေးပြီး စွန့်ပစ်မိုဘိုင်းဖုန်းအလုံး(၁၅၀)လောက်နဲ့ လက်ရာ မြောက်အနုပညာ လက်ရာတစ်ခုကို ဖန်တီးနေတာပါ။

သူ့ရဲ့အနုပညာလက်ရာတွေမှာကပ်ဖို့လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အဘစ်ဂျာမြို့က အကြီးဆုံးပစ္စည်းဟောင်းရောင်းတဲ့ ဈေးကွက်က မှောင်ခို ဈေးကွက်ကုန်သည်ဆီကနေ ကော့ဖ်ဖီကတစ်ဆင့်ပြန်ဝယ်ယူနေတာပါ။  

ပြီးခဲ့တဲ့(၂)နှစ်အတွင်း ကော့ဖ်ဖီဟာ မိုဘိုင်းဖုန်း(၂၄၀၀၀)ကိုသုံးပြီး အနုပညာလက်ရာအခု(၁၆၀)ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကော့ဖ်ဖီဟာ အာဖရိကနဲ့ဥရောပတိုက်တို့က နိုင်ငံတော်တော်များများမှာ စွန့်ပစ်မိုဘိုင်းဖုန်းတွေနဲ့လုပ်ထားတဲ့ အနုပညာလက်ရာတွေကို ပြသခဲ့ပါတယ်။

 

Related News