စပါးစ်အသင်းဟာ လက်ရှိအပြောင်းအရွှေ့မှာ လိုင်ယွန်ကွင်းလယ်လူအန်ဒွန်ဘီလီတစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ရဲ့နောက်ဆုံးရက်တွေမှာတော့ ခြေရှုပ်လာခဲ့ပါတယ်။

စပါးစ်အသင်းဟာ လိုင်ယွန်ကွင်းလယ်လူအန်ဒွန်ဘီလီကို ပြောင်းရွှေ့ကြေးပေါင် (၅၅) သန်းနဲ့ခေါ်ယူခဲ့ ပြီး၊ နောက်ဆုံး (၂) ရာသီအတွင်း ကစားသမားတစ်ဦးတစ်ယောက်မှခေါ်ယူခြင်းမရှိခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပါ တယ်။

ဒါ့အပြင်လက်ရှိမှာလည်း စပါးစ်အသင်းရဲ့အပြောင်းအရွှေ့ နောက်ဆုံးရက်မတိုင်မီ ကစားသမားအ၀င် အထွက်တွေဖြစ်ပေါ်လာနိုင်ပြီး၊ ကွင်းလယ်လူအဲရစ်ဆင်ကိုလည်း ရောင်းချသွားရဖွယ်ရှိ နေခဲ့ပါတယ်။

စပါးစ်အ သင်းဟာ ကွင်းလယ်လူအဲရစ်ဆင်ကို ပြောင်းရွှေ့ကြေးပေါင်သန်း (၅၀)နဲ့ ရောင်းချသွားရဖွယ်ရှိနေခဲ့ပြီး၊ သူ့ရဲ့ နေရာအတွက် ဘာစီလိုနာကွင်းလယ်လူကော်တင်ညိုကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်။ ဒါ့အပြင်မန်ယူ အသင်းကိုပြောင်းရွှေ့ဖို့ သတင်းကြီးခဲ့တဲ့ဂျူဗင်တပ်တိုက်စစ်မှူးဒိုင်ဘားလားဟာလည်း စပါးစ်အသင်းကို ပြောင်း ရွှေ့ကြေးပေါင်သန်း (၇၀) နီးပါးနဲ့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားခဲ့ပါတယ်။ စပါးစ်အသင်းရဲ့အပြောင်းအ ရွှေ့နောက်ဆုံးရက်မတိုင်မီ နာမည်ကြီးကစားသမားတွေနဲ့ အပြောင်း အရွှေ့သတင်းထွက်ပေါ်မှုတွေက အားရစ ရာကောင်းနေခဲ့ပြီး၊ အပြောင်းအရွှေ့တွေဟာ တကယ်ဖြစ်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရ တော့မှာဖြစ်ပါတယ်။ စပါးစ်အသင်းဟာ နည်းပြပိုချက်တီနိုလက်ထက်မှာ ပုံစံကောင်းတွေနဲ့အတူ လာမယ့်ရာသီသစ်ရဲ့ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားခဲ့မှုကြောင့်လည်း နာမည်ကြီးကစားသမားတွေကို အသင်းထံလာရောက်ကစားဖို့ကမ်း လှမ်းမှုတွေမှာ အားသာချက် တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။

နောက်ဆုံး (၂) ရာသီဆက်တိုက်ကစားသမားခေါ်ယူခြင်းမရှိခဲ့တဲ့စပါးစ်အသင်းဟာ လာမယ့် (၂၀၁၉-၂၀၂၀) ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုအားကောင်းနေခဲ့တာကြောင့် ချန်ပီယံတိုက်ပွဲဟာ ပိုမိုပြင်းထန်လာတော့မှာဖြစ်ပါတယ်။

 

Related News