ကိုလံဘီယာနိုင်ငံရဲ့ ဆယ်စုနှစ်ချီကြာဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ပွဲမှာ ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ ဖားစ့် လက်နက်ကိုင်အဖွဲ့ဝင်ထောင်ချီအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့်ဥပဒေကို လွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာကိုလံဘီယာ အစိုးရနဲ့ ဖာစ့် လက်နက်ကိုင် သူပုန်တွေကြား ပြန်လည်ရယူထားတဲ့ငြိမ်းချမ်းရေး သဘောတူညီမှုအတွက် အဓိကကျတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ လက်ယာယိမ်းအတိုက်ခံအဖွဲ့တွေက မဲခွဲဆုံးဖြတ်မှုမှာ ကြားနေခဲ့ပြီး နောက်  လွတ်တော်က ဥပဒေကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒါဟာ အစိုးရနဲ့ သူပုန်တွေကြား (၅၂)နှစ်ကြာ ပဋိပက်္ခကို အဆုံးသတ်စေမှာဖြစ်တယ်လို့ ကိုလံဘီယာ ပြည်ထဲရေးဝန်ကြီး ““ဂျွန်ဖာနန်ဒို ခရစ်စတို””က ပြောပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဖားစ့်လက်နက်ကိုင် အဖွဲ့တွေဟာ လက်နက်စွန့်လွှတ်ရမှာဖြစ်ပါတယ်။ ဖာစ့်လက်နက်ကိုင်အဖွဲ့ဝင် ခုနစ်ထောင်နီးပါးဟာ  လာမယ့် ခြောက်လတွင်း လက်နက်ချဖွယ်ရှိနေပါတယ်။ စစ်ရာဇ၀တ်မှုကျူးလွန်သူထားတယ်လို့စစ်ဆေးတွေရှိတဲ့ လူတွေအတွက်တော့  ဒီလွှတ်ငြိမ်းချမ်းသာခွင့်ဥပဒေက သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ လေးနှစ်ကြာ ဆွေးနွေးမှုလုပ်ပြီး အစိုးရနဲ့ ဖားစ်သူပုန်တွေကြား အသစ်ပြန်ရယူခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူမှုကို နိုဝင်ဘာလနောက်ပိုင်းမှာ သဘောတူထားတာဖြစ်ပါတယ်။ ကိုလံဘီယာ ပြည်တွင်းပဋိပက္ခတွေကြောင့် လူ (နှစ်သိန်း)ကျော်သေဆုံးရပြီး လူသန်းချီ ဘေးလွှတ်ရာ ကို ရွှေ့ပြောင်းခဲ့ရပါတယ်။ 

 

Related News