ရုရှား သံတမန် ၃၅ ဦးကို အမေရိကန်နိုင်ငံက နှင်ထုတ်ခဲ့ပေမယ့် ရုရှားနိုင်ငံထဲက အမေရိကန် သံတမန်တွေကို မနှင်ထုတ်ဘူးလို့ ရုရှားသမ္မတပူတင်ကပြောပါတယ်။  ရွေးကောက်ပွဲကာလတုန်းက ဆိုက်ဘာ တိုက်ခိုက်မှုနဲ့အတူ စွက်ဖက်တာတွေ ရှိခဲ့တယ်ဆိုပြီး ရုရှားနိုင်ငံအပေါ် အမေရိကန်က ပိတ်ဆို့မှုတွေလုပ်ခဲ့ပြီး သံတမန်တွေကိုပါ နှင်ထုတ်ခဲ့တာပါ။အမေရိကန်နိုင်ငံထဲက ရုရှားသံတမန် ၃၅ ဦးကို နှင်ထုတ်ခဲ့မှု အပေါ် တုံ့ပြန်မှုအဖြစ် ရုရှားနိုင်ငံထဲက အမေရိကန် သံတမန်တွေကို နှင့်ထုတ်သွားမှာ မဟုတ်ဘူးလို့ ရုရှားသမ်္မတ  ပူတင်က ပြောလိုက်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲကို ဆိုက်ဘာ တိုက်ခိုက်မှု နဲ့အတူ စွက်ဖက်မှုတွေ လုပ်တယ်ဆိုပြီး ရုရှား သံတမန် ၃၅ ဦးကို အမေရိကန်က သောကြာနေ့တုန်းက နှင်ထုတ်ခဲ့တာဖြစ် ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရောဗ့် က အမေရိကန်နိုင်ငံဟာ ရုရှားနိုင်ငံအပေါ် သက်သေတစ်စုံတရာပြနိုင်မှုမရှိဘဲ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ လုပ်ရပ်ကို တုံပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံထဲက အမေရိကန်သံတမန် ၃၅ ဦးကိုနှင်ထုတ်သွားဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အဆိုပြုခဲ့ပါတယ်။  စိန်ပီတာစဘတ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးက ၀န်ထမ်း ( ၄)ဦး နဲ့ မော်စကိုမြို့ အမေရိကန်သံရုံးက ၀န်ထမ်း(၃၁)ဦးကို နှင်ထုတ်ဖို့ သမ္မတ ပူတင်ဆီ တောင်းဆိုသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ရောဗ့်က ပြောပါတယ်။ လက်ရောဗ့်က အဲဒီလိုမျိုးပြောခဲ့ပေမယ့် ရုရှားသမ္မတပူတင်က ပိတ်ဆို့မှုကို တုံပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသားတွေကို နှင်ထုတ်မှာမဟုတ်တဲ့အပြင် နှစ်သစ်ကူးချိန်မှာ နိုင်ငံကို လာရောက်လည်ပတ်ဖို့ အမေရိကန်ကလေးငယ်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ရုရှားသမ်္မတကတော့ မကြာမီ သီတင်းပတ်တွေအတွင်း အုပ်ချုပ်ရေးအာဏာရယူမယ့် အမေရိကန် သမ္မတအသစ် ဒေါ်နယ် ထရန့် အစိုးရ လက်ထက် မူဝါဒတွေကို အခြေခံပြီး  ရုရှား-အမေရိကန် ဆက်ဆံရေး ထိန်းသိမ်းဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ 

Related News