မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နျူကလီးယားစမ်းသပ်မှုတွေမှာ မကြုံဖူးတဲ့ အဆင့်တန်း မျိုးကိုရရှိပြီးနောက် နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည်ပိုင်း ပိုမိုတိုးတက်ကောင်းမွန် လာဖွယ်ရှိ နေတယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး "အန်ထော်နီ ဘလင်ကန်" က ပြောလိုက်ပါတယ်။ မြောက်ကိုရီယားရဲ့ ဒုံးကျည်နဲ့ နျူကလီယားလုပ်ဆောင်မှု ပိုင်း တိုးတက်လာ တာကြောင့် လက်နက်ဖျက်သိမ်းရေး ဆွေးနွေးပွဲထဲ ပြန်ပါစေဖို့ မြောက်ကိုရီးယားကို ဖိအားပေးဖို့ လိုအပ်တယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး "အန်တိုနီ ဘလင်ကန်" ဟာ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ တို့ရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေဆုံပြီးနောက် ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ဒုံးကျည် ၂၄ ကြိမ်စမ်းသပ်မှုနဲ့ အတူ နျူကလီးယားစမ်းသပ်မှု ၂ ကြိမ်ပြုလုပ်ထားပါတယ်။ မြောက်ကိုရီယားနိုင်ငံရဲ့ ခြိမ်းခြောက်မှု ကာကွယ်နိုင်ဖို့ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီယားနဲ့ အခြားနိုင်ငံတွေ ပူးပေါင်း ဆောင်ရွက်မှု မြင့်တက်ဖို့ အရေးကြီးတယ်လို့လည်း "ဘလင်ကန်" က ပြောပါတယ်။

မြောက်ကိုရီယား နိုင်ငံကို လုပ်ဆောင်နေတဲ့ အစီစဉ်တွေရပ်တန့်ပြီး ဆွေးနွေးပွဲဆီ ပြန်လာဖို့ ဖိအားပေးရမယ်လို့ "ဘလင်ကန်" က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို နျူကလီယား ဖျက်သိမ်းရေးယုံကြည်မှုပိုင်း ကောင်းမွန်လာအောင် စေ့စပ်ဆွေးနွေးရမယ်လို့ "ဘလင်ကန်" က ပြောထားပါတယ်။ 

Related News