ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းမြို့ဆီ ပျံသန်းချိန်မှာ ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်းလိုင်းလေယာဉ် MH370 ရှာဖွေမှုကို သီတင်း ၂ ပတ်အတွင်း အဆုံးသတ် သွားတော့မယ်လို့ မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ပျောက်ဆုံးနေတဲ့ MH370 လေယာဉ် ရှာဖွေကို သီတင်း ၂ ပတ်အတွင်း အဆုံးသတ်သွားမယ်လို့ မလေးရှားသယ်ယူ ပို့ဆောင် ရေးဝန်ကြီး လူတောင်လိုင်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်ပါသွားတဲ့ခရီးသည်တွေရဲ့ ဆွေမျိုးသားချင်းတွေကတော့ လေယာဉ်ရှာဖွေမှုကို တွန်းအားပေးရှာဖွေဖို့ တိုက်တွန်းနေပါတယ်။

လေယာဉ်ကို ရှာတွေ့ နိုင်မယ်လို့ မျှော်လင့်တယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး လူတောင်လိုင်က ပြောပါတယ်။ လေယာဉ်ရှာဖွေမှု အဆုံးသတ်မယ့်ရက်ကို အတိကျပြောဆိုတာ မရှိသေးပါဘူး။ မလေးရှားအစိုးရတာဝန်ရှိသူတွေဟာ လေယာဉ်ရှာဖွေမှုကို  အခုနှစ် အစောပိုင်းမှာ အဆုံးသတ်မယ်လို့ အရင်တည်းက ပြောဆိုထားပါတယ်။ လေယာဉ်ပျောက်ကို ပြီးခဲ့တဲ့လက အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ နောက်ဆုံးရှာဖွေမှုလုပ်ခဲ့ပါတယ်။ လေးရှားလေကြောင်းလိုင်း ပိုင်လေယာဉ် MH370 ဟာ ၂၀၁၄ ခုနှစ်မတ်လ ၈ ရက်မှာ ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းကို ပျံသန်းချိန်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ဦးနဲ့ လေယာဉ် ၀န်ထမ်းတွေ ပါဝင်ခဲ့ပါတယ်။

မလေးရှားလေယာဉ်ဟာ အိန်္ဒိယသမုဒ်္ဒရာထဲကို ပျက်ကျခဲ့တာလို့ သက်ဆိုင်ရာ နိုင်ငံတွေက ယုံကြည်နေကြတာပါ။  သြစတြေးလျ နိုင်ငံအနောက်ပိုင်း ရေနက်ထဲကို ရှာဖွေခဲ့ပေမယ့် လေယာဉ်အပိုင်းစတွေ မတွေခဲ့ပါဘူး။ လေယာဉ်အဓိက ရှာဖွေရေးအဖွဲ့ဖြစ်တဲ့ သြစတြေးလျ သယ်ယူပို့ဆောင်ရေး ဗျူရိုက လက်ရှိရှာဖွေနေတဲ့ ဇုန်နေရာမှာ လေယာဉ်ကို မတွေတာကြောင့်  မြောက်ဘက်ပိုင်းကို ထပ်မံရှာဖွေသွားမယ်လို့ ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။ 

 

 

Related News