ပါကစ္စတန်နိုင်ငံဟာ ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်တဲ့ ခရုဇ်ဒုံးကျည် ပထမဆုံး ပစ်ခတ် စမ်းသပ်မှုကို အိန်္ဒိယသမုဒ်္ဒရာမှာ ပြုလုပ်လိုက်ပါတယ်။ "ဘာဘား သရီး"လို့ခေါ်တဲ့ အဲ့ဒီ့ဒုံးကျည်ဟာ (၄၅၀)ကီလိုမီတာအကွာ ရောက်အောင်ပစ်ခတ်နိုင်ပြီး ဒုံးကျည် ထိပ်ဖူးအမျိုးမျိုးကို ပစ်လွှတ်နိုင်တဲ့ အမျိုးအစားဖြစ်တယ်လို့ ပါကစ်္စတန်စစ်တပ်ကပြောပါတယ်။

ဒီစမ်းသပ်မှုဟာ နိုင်ငံ့နည်းပညာ တိုးတက်မှုနဲ့ ပါကစ်္စတန်နိုင်ငံရဲ့အမီအခိုကင်းမှုကို ပြသလိုက်တာလည်းဖြစ်တယ်လို့  ပါကစ္စတန် ၀န်ကြီးချုပ် "နာဝတ် ရှရစ်"က ချီးကျူးပြောဆိုလိုက်ပါတယ်။ ပါကစ္စတန်အစိုးရရဲ့ ခုလိုစစ်ရေး အင်အားပြမှုဟာ အိမ်နီးချင်းအိန္ဒိယနိုင်ငံနဲ့နယ်စပ်အရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုမလုပ်ခင် နာရီပိုင်းတုန်းကတော့ အိန္ဒိယ-ပါကစ်္စတန်နှစ်နိုင်ငံ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့  ကတ်ရှ်မီးယားဒေသမှာ နှစ်နိုင်ငံ ထိန်းချုပ်မျဉ်းကိုကျော်လွန်ပြီး စစ်သွေးကြွတွေကတိုက်ခိုက်လို့ အရပ်သားသုံးဦး သေဆုံးသွားတယ်လို့ အိန္ဒိယအစိုးရဘက်က ပြောပါတယ်။

ဒီအခင်းဖြစ်ပွားမှုဟာ (၂၀၁၆)ခုနှစ် စက်တင်ဘာလက ကတ်ရှ်မီးယားဒေသမှာ အိန္ဒိယစစ်သား(၁၉)ဦးသေဆုံးခဲ့တဲ့ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှု ဖြစ်ပွားက တည်းက လက်နက်ကိုင်စစ်သွေးကြွတွေကို အိန္ဒိယနိုင်ငံဘက်က တိုက်ခိုက်နှိမ်နင်းမှုတွေအတွင်း နောက်ဆုံးဖြစ်ထားတဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေမှာ ပါကစ္စတန်ဘက်က ထောက်ခံမှုရှိနေ တယ်လို့ အိန္ဒိယဘက်က စွပ်စွဲထားပေမယ့် ပါကစ္စတန်ဘက်ကတော့ ငြင်းဆိုထားပါတယ်။ 

Related News