အာဖဂန်နစ္စတန်နိုင်ငံအတွင်းက မြို့ကြီးသုံးမြို့တွင်ဖြစ်ပွားတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၅၀ အထိရှိလာတယ်လို့ အာဖဂန်နစ်္စတန်အာဏာပိုင်တွေကပြောပါတယ်။ အာဖဂန်နိုင်ငံ ဆိုင်ရာ အာရပ်စော်ဘွားများနိုင်ငံ သံအမတ်ကြီးရဲ့ ခန်ဒါဟာမြို့ တောင်ပိုင်းက အုပ်ချုပ်ရေးမှူး ရုံးဝန်းအတွင်း ရောက်ရှိချိန် ဆိုဖာတစ်ခုအောက် ၀ှက်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေ ပေါက်ကွဲ ခဲ့လို့ လူ ၁၁ ဦးသေဆုံးခဲ့ပေမယ့် သံအမတ်ကြီးကတော့ အသက်ဘေးလွတ်မြောက်ခဲ့ပါတယ်။ အဲ့ဒီ့မတိုင်ခင် နာရီပိုင်းတုန်းကလည်း မြို့တော်ကဘူးလ်က လွှတ်တော်အမတ်တွေရုံးခန်းတွေရှိရာ လွှတ်တော်ဝင်းအတွင်းမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့လို့ လူ ၃၀ နီးပါးသေဆုံးပြီး နောက်ထပ် အယောက် ၈၀ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့ပြင် အင်္ဂါနေ့အစောပိုင်းတုန်းကလည်း လက်ခါ ဂါ မြို့မှာ ဖြစ်ပွားတဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၇ ဦးသေဆုံးခဲ့ပါတယ်။

အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရတပ် ဖွဲ့တွေ တာလီဘန်ပုန်ကန်မှုနဲ့ အယ်ကေးဒါး၊ အိုင်အက်စ် အကြမ်းအဖွဲ့တွေကို နှိမ်နင်းရာမှာ ရုန်ကန်ရမှုတွေရှိနေချိန်မှာပဲ အခုတိုက်ခိုက်ခံရမှု ထွက်ပေါ်လာလို့ အာဖဂန်နိုင်ငံအတွင်းမှာ မလုံခြုံဘူးမှုတွေ တိုးပွားနေပါတယ်။ ခန်ဒါဟာမြို့ ပေါက်ကွဲမှုမှာ ဘယ်သူ့လက်ချက်ဆိုတာ မသိရသေးပေမယ့် ကဘူးလ်မှာဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တယ်လို့ တာလီဘန် လက်နက်ကိုင်အဖွဲ့က ပြောထားပါ တယ်။ အရပ်သားတွေသေဆုံးစေခဲ့တဲ့ဒီတိုက်ခိုက်မှုတွေဟာ လူမဆန်တဲ့လုပ်ရပ် လို့ အာဖဂန်သမ္မတ အာရှက်ဖ် ဂါနီက ပြောထားပြီး တာဘီဘန်တွေကို ပြစ်တင်ထားပါတယ်။ 

Related News