အမေရိကန် အထိရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်စမ်းသပ်နိုင်တယ်လို့ မြောက်ကိုရီးယားက ပြောနေချိန်မှာပဲ အမေရိကန်ဟာ ပင်လယ်အခြေစိုက်အဆင့်မြင့်ရေဒါစနစ်ကို ဖြန့်ကျက်လိုက်ပြီဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံကပြုလုပ်နိုင်ချေရှိတဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)စမ်းသပ်မှုတွေကို စောင့်ကြည့်ဖို့ အမေရိကန်ရဲ့ ပင်လယ်အခြေစိုက် အဆင့်မြင့်ရေဒါစနစ် ဟာ ဟာဝိုင်အီကျွန်းကနေ ထွက်ခွါသွားပြီလို့ အမေရိကန်ကာကွယ်ရေးအရာရှိ တစ်ဦး ကပြောပါတယ်။

နျူကလီးယားပိုင်ဆိုင်တဲ့မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ချင်းပစ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ဖို့ နီးကပ်ပြီ လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အခုလအစောပိုင်းမှာပဲ ပြောထားတာပါ။ ပင်လယ်အခြေစိုက် အိတ်ဘန်း (SBX)လို့ခေါ်တဲ့အဲဒီ့ရေဒါစနစ်ဟာ ဇန်န၀ါရီလကုန်မှာ သတ်မှတ်နေရာကိုရောက်ရှိမှာဖြစ်ပြီး အဲ့ဒီ့နေရာဟာ ဟာဝိုင်အီ အနောက်မြောက်ပိုင်း မိုင်နှစ်ထောင်နီးပါးမှာရှိမှာဖြစ်တယ်လို့  အမည်အဖော်လိုတဲ့အမေရိကန်အရာရှိတစ်ဦးက ပြောလိုက်တာပါ။ အဲဒီ့ရေဒါစနစ်ဟာ ICBM ဒုံးကျည်စနစ်ကို ခြေရာခံနိုင်မှာဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဒုံးကျည်လား၊ ခြိမ်းခြောက်မှုမရှိတဲ့ဒုံးကျည်လား  ဆိုတာကို ခွဲခြမ်းစိတ်ဖြာမှာ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ဟာ မြောက်ကိုရီးယားရဲ့တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုကို စောင့်ကြည့်မှာဖြစ်ပြီး ခြိမ်းခြောက်မှုမရှိသေးသရွေ့ ဒုံးကျည်ကိုဖျက်ဆီးတာထက် ထောက်လှမ်းရေးအချက်အလက်တွေ စုဆောင်းမယ်လို့  အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ICBM ဒုံးကျည် စမ်းသပ်မယ့်ခြိမ်းခြောက်မှုဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်မ်က အစောပိုင်းမှာ ပြောထားပါတယ်။
        

 

Related News