မြောက်ကိုရီးယားနိုင်ငံထဲက ထွက်ခွာဖို့တားမြစ်ခံထားရတဲ့ မလေးရှားနိုင်ငံသားတွေကို ပြန်ခေါ်ယူနိုင်ရေး မြောက်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေနဲ့ လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေး သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ လာမယ့် ၂ ရက်၊ ၃ ရက်အတွင်း ဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့အပါအ၀င် အခြား အေဂျင်စီတွေဆီကနေ သတင်းအချက်လက်ရယူရဦးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြောက်ကိုရီယားနိုင်ငံထဲကထွက်ခွာဖို့ တားမြစ်ခံထားရတဲ့ မလေးရှားနိုင်ငံသား မိသားစုဝင်တွေနဲ့ ကွာလာလမ်ပူမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက်ဝန်ကြီးကအခုလို ပြောခဲ့တာပါ၊ မြောက်ကိုရီးယား နိုင်ငံဘက်ကတော့ တွေဆုံဆွေးနွေးပွဲ လုပ်မယ့်နေရာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တာမရှိသေးဘူးလို့ဝန်ကြီး "အနီဖာဟာမန်"က ပြောပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ နိုင်ငံအတွင်းရောက်နေတဲ့ မလေးရှားနိုင်ငံသား (၁၁)ဦးကို နိုင်ငံအတွင်းက ထွက်ခွာခွင့် တားမြစ် ခဲ့ပေမယ့် တားမြစ်ခံထားရသူတွေထဲက ကမ္ဘာ့စားနပ်ရိက်္ခာ အစီအစဉ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မလေးရှားနိုင်ငံသား ၂ ဦးဟာ မြောက်ကိုရီးယားကနေ ထွက်ခွာခွင့်ရခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ရဲ့ ၀မ်းကွဲအစ်ကို ကင်ဂျုံနမ် ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံခံရပြီး တဲ့နောက် မြောက်ကိုရီးယားနဲ့ မလေးရှားနိုင်ငံကြား သံတမန်ရေး တင်းမာမှုဖြစ်ပွားနေတာပါ။ 

 

 

Related News