ရာထူးကဖြုတ်ချခံရတဲ့ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးကို ထောက်ခံသူရာချီဟာ ဆိုးလ်မြို့တော်က လမ်းတွေပေါ်တက်ပြီး  ဆန္ဒပြနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ သမ္မတကို ဆန့်ကျင်သူတွေကသမ္မတကို ဖမ်းဆီးရေး တောင်းဆိုဆန္ဒပြနေကြပါတယ်။ လွှတ်တော်ရဲ့ပြစ်တင် စွပ်စွဲခံထားရတဲ့သမ္မတကို ရာထူးကနေနုတ်ထွက်ဖို့ တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်လိုက်ပြီးတဲ့နောက်သမ္မတကို ထောက်ခံသူတွေနဲ့ နုတ်ထွက်စေလိုသူတွေကြား တင်းမာမှုမြင့်တက်နေတာပါ။

သောကြာနေ့တုန်းက ဖြစ်ပွားတဲ့သမ္မတကို ထောက်ခံတဲ့လူထု စုဝေးပွဲအတွင်း လူ ၂ ဦး သေဆုံးခဲ့ပြီးတဲ့နောက် နှစ်ဖက်ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့မှာ စိုးရိမ်ရတဲ့အခြေအနေ ရှိနေတာပါ။ တောင်ကိုရီးယား ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ““ကီယောင်ဒီ””က အခြေနေတွေဟာ စိုးရိမ်စရာဖြစ်နေပြီး မေလ ၉ ရက် နောက်ဆုံးထား ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြောပါတယ်။ သမ္မတ ပတ်ဂွန်ဟေး ဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလည်း ဖြစ်ပါတယ်။ သမ္မတ ပတ်ဂွန်ဟေးဟာ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူ ချိုဆွန်းဆီ တရားရင်ဆိုင်နေရတဲ့ အဂတိလိုက်စားမှုတွေမှာ ပါဝင်နေတယ်ဆိုတဲ့စွပ်စွဲမှုတွေရှိနေပေမဲ့ သမ္မတကတော့ အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ထားဘူးလို့ ပြောဆိုထားပါတယ်။

 

 

Related News