အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်ဟာ ဂျပန်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံကို နောက်လမှာ သွားရောက်လည်ပတ်မယ်လို့သိရပါတယ်။ အမေရိကန်သမ္မတ ဟောင်း ဘားရတ်အိုဘားမား လက်ထက်က အာရှဦးစားပေးအစီအစဉ်ဟာ သမ္မတ  ထရမ့် လက်ထက်မှာ နောက်ပြန်သွားနေပြီ လားဆိုတဲ့ စိုးရိမ်မှုတွေရှိနေချိန်မှာ ဒုသမ်္မတ ပန့်စ်ရဲ့ခရီးစဉ်ထွက်ပေါ်လာတာပါ။ ဒုသမ္မတ  ဟာ အာရှခရီးစဉ်အတွင်း တောင်ကိုရီးယားရဲ့သြစတေးလျနိုင်ငံတွေကိုလည်း သွားရောက်မှာ ဖြစ်တယ်လို့ နစ်ကီ အေးရှား ရီဗျူးက သတင်းဖော်ပြပါတယ်။ ဒုသမ္မတ ပန့်စ် ဟာ အမေရိကန်-ဂျပန်စီးပွားရေးဆွေးနွေးပွဲအတွက် တိုကျိုကို သွားရောက်နိုင် ချေရှိနေတယ်လို့လည်း သတင်းက ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တိုင်လာဆန်ဟာ အခုလအတွင်း  ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံခရီးစဉ်တွေ သွားရောက်ပြီးတဲ့ နောက်မှာ ဒုသမ္မတ ရဲ့ ခရီးစဉ်သတင်း ထွက်ပေါ်လာတာပါ။ သမ္မတ  ပန့်စ်ဟာ သူ့ရဲ့ အင်ဒိုနီးရှားခရီးစဉ်အတွင်း သမ္မတ  ၀ီဒိုဒိုနဲ့တွေ့ဆုံးပြီး အကြမ်းဖက်မှုနဲ့အခြား လုံခြုံရေးကိစ်္စရပ်တွေ ဆွေးနွေးသွားမယ်လို့ အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးက ပြောထားပါတယ်။ အမေရိကန်သမ္မတ သစ် ဒေါ်နယ် ထရမ့် ဟာ သမ္မတ  အိုဘားမားလက်ထက်တုန်းက တရုတ်နိုင်ငံရဲ့ ဒေသတွင်း လွှမ်းမိုးလာမှုကို ပြိုင်ဖို့ရည်ရွယ်ပြီး အကောင်အထည်ဖော်ခဲ့တဲ့ ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှု သဘောတူညီချက် ထဲကနေ နှုတ်ထွက်ကြောင်း ကြေညာထားပြီးဖြစ်ပါတယ်။

 

 

 

Related News