အမေရိကန်နိုင်ငံ အပေါ်အညှာအတာမဲ့တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ နှစ်စဉ်ပြုလုပ်နေတဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်လေယာဉ်တင်သင်္ဘောတပ်ဖွဲ့လည်း ပါဝင်မယ်ဆိုတဲ့ သတင်းတွေထွက်နေချိန်မှာ မြောက်ကိုရီးယားဘက်က အခုလိုပြောလိုက်တာပါ။  တောင်ကိုရီးယားတပ်ဖွဲ့တွေရဲ့ပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုတွေမှာ အမေရိကန်လေယာဉ် တင်သင်္ဘောတပ်ဖွဲ့ပါဝင်လာမယ်ဆိုရင် ဒါဟာ မြောက်ကိုရီးယားရဲ့အချုပ်အခြာနဲ့ဂုဏ်သိက်္ခာကို ထိပါးတာဖြစ်လို့ အညှာအတာမဲ့တဲ့တိုက်ခိုက်မှုတွေပြုလုပ်သွားမယ်လို့ မြောက်ကိုရီးယားက အမေရိကန်အပေါ်သတိပေးလိုက်ပါတယ်။

မတ်လ ၁၁ မှာ ရန်သူတွေရဲ့တိုက်လေယာဉ်တွေဟာ မြောက်ကို ရီးယားနိုင်ငံ လေပိုင်နက်နဲ့ရေပိုင်နက်နားမှာ ပျံသန်းပြီး ဗုံးကြဲမှုနဲ့အလစ်အငိုက်ဝင်တိုက်ခိုက်မှု ပုံစံမျိုးလေ့ကျင့်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သတင်းဖော်ပြပါတယ်။ အမေရိကန်လေယာဉ်တင်သင်္ဘော ကားလ် ဗင်ဆင် ဟာ တောင်ကိုရီးယားတပ်ဖွဲ့တွေနဲ့ပြုလုပ်တဲ့စ စ်ရေးလေ့ကျင့်မှုမှာ ပါဝင်တာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်တယ်လို့ အမေရိကန်ရေ တပ်ပြောခွင့်ရသူက ပြောပါတယ်။ မြောက်ကိုရီးယားဟာအမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့ အနေနဲ့  ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း ပဲ့ထိန်းဒုံးကျည်လေးစင်းကို ဂျပန်ကမ်းလွန်ကို ပစ်ခတ်ခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ နှစ်စဉ်ပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲပြင်ဆင်မှုအဖြစ် မြောက်ကိုရီးယားဘက်က ယူဆနေတာပါ။ 

 

 

Related News