အိုင်အက်စ်အဖြစ် မသင်္ကာသူ ၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။ ဖမ်းထားသူတွေထဲက မလေးရှားအမျိုးသမီး တစ်ဦးနဲ့ ဖီလစ်ပိုင်နိုင်ငံသားနှစ်ဦးဟာ မလေးရှားမှာ လူသစ်စုဆောင်းပြီး အင်ဒိုနီးရှားဘက်ကို ပို့နေတယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။ 

 မလေးရှားနိုင်ငံသား(၂)ဦးနဲ့ဖိလစ်ပိုင်နိုင်ငံသား(၅)ဦးပါဝင်တဲ့ အိုင်အက်စ်စစ်သွေးကြွအဖြစ် မသင်္ကာသူ (၇)ဦးကို ဆာဘားနဲ့ ဆီလန်ဂေါပြည်နယ်တွေမှာ မလေးရှားရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ သံသယရှိသူတွေကို မတ်လ(၅)ရက်မှာ ပြုလုပ်တဲ့ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးအတွင်း ဖမ်းမိခဲ့တာလို့ မလေးရှားရဲချုပ် ခါလစ် အဘူဘာခါက ပြောပါတယ်။

ဖမ်းဆီးထား သူတွေထဲမှာ  မလေးရှား လူဝင်မှုကြီးကြပ်ရေး အမျိုးသမီးအရာရှိတစ်ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးပါဝင်ပြီး သူတို့ဟာ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံထဲက အိုင်အက်စ်လိုလားသူတွေကို စုဆောင်းပြီး ဆာဘားပြည်ကတစ်ဆင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း အိုင်အက်စ်တွေရှိနေတဲ့ နေရာကို ပို့ဆောင်နေတာလို့ ရဲချုပ်ကပြောပါတယ်။

ဆာဘားပြည်ကတစ်ဆင့် ဖိလစ်ပိုင်တောင်ပိုင်းက စစ်သွေးကြွတွေကို ဆက်သွယ်ဖို့ကြိုးစားတဲ့ အိုင်အက်စ်စစ်သွေးကြွအဖြစ်မသင်္ကာသူတွေကို ဖမ်ဆီးမှုဟာ အခုနှစ်အတွင်း ဒုတိယအကြိမ် ဖြစ်ပြီး  ဇန်န၀ါရီလတုန်းက အိုင်အက်စ်စစ်းသွေးကြွအဖြစ်မသင်္ကာသူ ၄ ဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ 

 

 

Related News