နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ရုံးမှာ ကြာသပတေးနေ့တုန်းက စာအိတ်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံမှာ လုံခြုံရေးတင်းကြပ်ထားပါတယ်။ စာအိတ်ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့ (IMF) ၀န်ထမ်းတွေဟာ မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာရခဲ့ပါတယ်။နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF)ရုံးမှာ  စာအိတ်ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် ပြင်သစ်နိုင်ငံမှာ လုံခြုံရေး တင်းကြပ်ထားပါတယ်။ စာအိတ်ဗုံးဟာ အိုင်အမ်ဖက်ကို ဂရိစစ်သွေးကြွတွေပေးပို့ခဲ့တာဖြစ်လို့ ပြင်သစ် အကြမ်းဖက်တိုက်ဖျက်ရေး တပ်ဖွဲ့တွေဟာ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။

စာအိတ်ဗုံးပေါက်မှုကြောင့် IMF ၀န်ထမ်းတွေဟာ မျက်နှာနဲ့လက်တွေမှာ ဒဏ်ရာရခဲ့ပါတယ်။ အခုစာအိတ်ဗုံးနဲ့တိုက်ခိုက်မှုဟာ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ရဲ့ ဥရောပဆိုင်ရာ ကိုယ်စားလှယ်တွေကို ရည်ရွယ်တာဖြစ်တယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့ ကပြောပါတယ်။ အခုတိုက်ခိုက်တဲ့ဗုံး ဟာ ဗုံးအစစ်မှန်မဟုတ်ဘဲ အကြီးစား မီးရှူးမီးပန်းဖြစ်တယ်လို့ ပဲရစ်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ဂရိနိုင်ငံအခြေစိုက် စစ်သွေးကြွအဖွဲ့က အဲ့ဒီစာအိတ်ဗုံးကို ပေးဖို့ခဲ့တာဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီး ၀ုဖ်ဂန် ရွာရယ်ဘယ်ကို  လိပ်မူထားတာဖြစ်ပါတယ်။

အဲ့ဒီစစ်သွေးကြွအဖွဲ့ဟာ ၂၀၁၀ ခုနှစ် တုန်းက အေသင်မြို့ရှိနိုင်ငံခြားသံရုံးတွေ ပေါက်ကွဲမှုဖြစ်စေတဲ့ စာအိတ်ဗုံးတွေပေးပို့တိုက်ခိုက် ခဲ့ဖူးပါတယ်။ ဂျာမနီမီဒီယာ တွေရဲ့ဖော်ပြချက်အရ ဂရိစစ်သွေးကြွအဖွဲ့ ဟာ ဂျာမနီအဓိပတိ မာကယ်လ် နဲ့ အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ စီစဉ်ဖူးတယ်လို့ ဖော်ပြပါတယ်။ 

 

 

Related News