မိုးသည်းရေကြီးမှုဖြစ်ပွားပြီးတဲ့နောက် မြေပြိုမှုတွေဖြစ်ပွားခဲ့တဲ့ မိုကိုအာမြို့မှာ သစ်တောပြုန်းတီးမှု ကာကွယ်တားဆီးရေးနဲ့ မြေပြိုမှုကာကွယ်ရေး အစီအစဉ်ကို ကိုလံဘီယာအစိုးရက ကြေညာလိုက်ပါတယ်။ မိုကိုအာမြို့က မြစ်သုံးစင်းမြစ်ရေလျှံမှု ဖြစ်ပွား ပြီးတဲ့နောက် မြေပြိုမှုတွေကြောင့် လူပေါင်းသုံးရာကျော် သေဆုံးထားပြီးဖြစ်ပါတယ်။ မြေပြိုမှုဖြစ်တဲ့နေရာတွေကို မြေပြိုမှုမဖြစ်ပွားရေးထိန်းသိမ်း ကာကွယ်ရေးဇုံ အနေနဲ့ ကြေညာချက်ထုတ်မှာဖြစ်ပြီး ထုတ်ပြန်ချက်ကြေညာပြီးချိန်ကစလို့ စက်မှုလုပ်ငန်းတွေကို အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရပ်ဆိုင်းစေမှာဖြစ်တယ်လို့ ကိုလံဘီယာအစိုးရက ထုတ်ပြန်ထားပါတယ်။

မြေပြိုမှုကြောင့် လူ(၁၀၀)ကျော်ဟာ ပျောက်ဆုံးနေဆဲဖြစ်ပြီး  (လေးထောင်ငါးရာ)နီးပါးဟာ အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကိုလံဘီယာအမျိုးသားသဘာဝ ဘေးအန်္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့  မိုးရေတွေကို တောင်ဆင် ခြေလျော အတိုင်းမဆင်းသွားအောင် ကာကွယ်ပေးနိုင်တဲ့ သစ်ပင်တွေ နည်းနေတာကြောင့် တောင်တွေ ၀ိုင်းနေတဲ့မိုအိုအာမြို့ဟာ သဘာဝဘေးအန္တရာယ်ကို ပိုခံစားခဲ့ရတာလို့ ပြောဆိုနေပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုလံဘီယာနိုင်ငံထဲက မြို့တစ်ချို့ဟာ မြေပြိုမှုအန္တရာယ်ရင်ဆိုင်နိုင်ရနိုင်ဆိုတဲ့ သတိပေးချက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ 

 

 

Related News