ကိုရီးယားကျွန်းဆွယ်ရေးရာ တရုတ်အထူးကိုယ်စားလှယ် ၀ူတာ့ဝေဟာ တောင်ကိုရီးယား နိုင်ငံကို တနင်္လာနေ့မှာ အလည်အပတ် ခရီးရောက်ရှိပြီဖြစ်ပါတယ်။ မြောက်ကိုရီးယားအရေးကို တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဆွေးနွေးပြီးနောက်မှာ ကိုရီးယားကျွန်းဆွယ်ရေးရာအထူးသံတမန်ရဲ့ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မစ္စတာ ၀ူဟာ တောင်ကိုရီးယားကိုယ်စားလှယ် ““ကင်ဟွန်ခွန်း”” နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မစ်္စတာ ၀ူရဲ့ ခရီးစဉ်ဟာ လေးရက်ကြာမြင့်မယ်လို့သိရပြီး တရုတ်သမ္မတ ရှီနဲ့ အမေရိကန်သမ္မတ ထရမ့်တို့ရဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေး အမြင်ချင်း ဖလှယ်ဆွေးနွေးထားတာကို ပြန်လည်ပြောကြားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့ပြင် မစ္စတာ ၀ူဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကို ဆွေးနွေးပွဲ တွေနဲ့ချဉ်းကပ်မယ့် တရုတ်နိုင်ငံရဲ့ ရပ်တည်မှုအပြင် တောင်ကိုရီးယားမှာ သတ်ဒုံးခွင်းဒုံးကျည်စနစ်ဖြန့်ကျက်တပ်ဆင်မှုကို တရုတ် နိုင်ငံဘက်က ကန့်ကွက်တဲ့အကြောင်းကိုလည်း ဆွေးနွေးနိုင်ချေရှိတယ်လို့ KBS သတင်းဌာနက သတင်းဖော်ပြပါတယ်။

 

      

Related News