နော်ဝေနိုင်ငံမြို့တော် အော်စလိုမှာ ဖောက်ခွဲရေးပစ္စည်းတစ်ခုကို နော်ဝေရဲတပ်ဖွဲ့က ရှင်းလင်းရေးလုပ်ခဲ့ပြီးနောက် နိုင်ငံတ၀ှမ်းလုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ် တိုးမြှင့်ထားလိုက်ပြီ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံမြို့တော် အော်စလိုမှာ ဖောက်ခွဲရေးပစ္စည်းတစ်ခုကို ရဲတပ်ဖွဲ့က စနေနေ့ညမှာ ရှင်းလင်းရေးလုပ်ဆောင်ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဟာ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှု အဆင့်မြှင့်ထားလိုက်ပြီဖြစ်ပါတယ်။ ထိန်းချုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းကို ဗုံး ရှင်းလင်းရေးအဖွဲ့က ရှင်းလင်းနိုင်ခဲ့တာပါ။ ဖောက်ခွဲရေးပစ္စည်းဟာ သေးငယ်ပေမဲ့ နော်ဝေမှာ လာမယ့်လတွေအတွင်း တိုက်ခိုက် နိုင်တဲ့အန္တရာယ်ဟာ ဖြစ်နိုင်ချေကနေ ဖြစ်လာနိုင်ချေအဆင့်ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မင်္သကာသူအဖြစ် အသက် ၁၇ နှစ်အရွယ် ရုရှားလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး အဲ့ဒီလူငယ်ဟာ နော်ဝေနိုင်ငံမှာ နှစ်အတော်ကြာနေထိုင် နေသူဖြစ်သလို နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူလည်းဖြစ်တယ်လို့ ရဲတပ်ဖွဲပကပြောပါတယ်။ အဲ့ဒီရုရှားလူငယ်ကို မသင်္ကာဖွယ် ပစ်္စည်းတစ်ခုနဲ့အတူတွေ့ရှိထားတာကြောင့် စုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာ အကြီးအကဲ ဆီဗင် ဂျရောင်းလန့်က ပြောပါတယ်။အောစလိုမြို့ရဲ့ ဂရိုလန် အရပ်မှာ မသင်္ကာဖွယ်ဖောက်ခွဲရေးပစ္စည်းတွေ့ရှိပြီးတဲ့နောက် လူမျိုးပေါင်းစုံနေထိုင်တဲ့အဲ့ဒီ အရပ်က ဘားတွေနဲ့စားသောက်ဆိုင်တွေထဲကလူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။နော်ဝေရဲတပ်ဖွဲ့ရဲ့ လုံခြုံရေး ဆိုင်ရာတပ်ဖွဲ့ဟာ ဒေသရဲတပ်ဖွဲ့လက်ထဲကနေ အခုဖြစ်ရပ် စုံစမ်းစစ်ဆေးမှုကို လွှဲပြောင်းရယူထားပြီး ဖြစ်ပါတယ်။

 

Related News