ဂျပန်နိုင်ငံနဲ့သြစတေးလျနိုင်ငံတို့ဟာ တိုက်ခိုက်ရေးလေယာဉ်ပါဝင်မယ့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လာမယ့်နှစ်အတွင်း ဂျပန်နိုင်ငံမှာ ပြုလုပ်သွားနိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီ အီနာဒါ နဲ့ သြစတေးလျ ကာကွယ်ရေးဝန်ကြီး မာစီ ပိန် တို့ဟာ တိုကျိုမြို့မှာ ဗုဒ္ဓဟူးနေ့တုန်းက တွေ့ဆုံချိန်မှာ ဒီအစီအစဉ်ကို သဘောတူညီလိုက်တာ ဖြစ်ပါတယ်။ ဒေသတွင်း လုံခြုံရေးရပ်ဝန်းမှာ တင်းမာမှုတွေမြင့်တက်လာချိန်မှာ ဂျပန်နဲ့သြစတေးလျ နှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်တာဟာ အရေးပါတယ်လို့ ဂျပန်ကာကွယ်ရေး ၀န်ကြီးက တွေ့ဆုံပွဲမှာပြောထားပါတယ်။

သြစတေးလျကာကွယ်ရေးဝန်ကြီးကတော့ သြစတေးလျနိုင်ငံအနေနဲ့ ဂျပန်နိုင်ငံအပြင် အမေရိကန်နိုင်ငံပါ ပါဝင်တဲ့ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး အလာအလာ တိုးတက်လာနိုင်စေဖို့ အဆင့်မြင့်အဆင့် စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်း လုပ်ဆောင်လိုတယ်လို့ ပြောထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေကို စွမ်းရည် တည်ဆောက်မှု ဆိုင်ရာ အကူအညီထောက်ပံ့ဖို့နဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာတွေအပါအ၀င် လုံခြုံရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွတ်သွားဖို့ ၀န်ကြီးနှစ်ဦးက သဘောတူထားပါတယ်။ 

 

Related News