ဗြိတိန်နိုင်ငံက ဆော်ဒီအာရေးဗျနိုင်ငံကို လက်နက်တွေရောင်းချနေတာဟာ ဥပဒေ မချိုးဖောက်မှုလို့ ဗြိတိန်တရားရုံးချုပ်က  ဆုံးဖြတ်လိုက်ပါတယ်။ ဆော်ဒီရဲ့ဗုံးကြဲမှုကို ၂၀၁၅ ခုနှစ်ကတည်းက ခံနေရတဲ့ ယီမင်ပြည်သူတွေအနေနဲ့ ဗြိတိန်တရားရုံးချုပ်ရဲ့ အခုလို ဆုံးဖြတ်ချက်ကို ဒေါသဖြစ် စိတ်ပျက်နေကြတယ်လို့ press tv  ရုပ်သံက ယီမင်ပြည်သူတွေရဲ့စကားတွေကို ကိုးကားပြီး သတင်းဖော်ပြပါတယ်။ ယီမင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်သူတွေကတော့ ဗြိတိန်တရားရုံးချုပ်ရဲ့ အခု ဆုံးဖြတ်ချက်ကို ပြင်းပြင်း ထန်ထန်ရှုတ်ချထားပါတယ်။
 
ဆော်ဒီရဲ့ တိုက်ခိုက်မှုတွေအတွင်း ယီမင်အရပ်သားတွေသေဆုံးစေ ခဲ့တဲ့ဖြစ်ရပ်တွေမှာ လက်နက်ရောင်းချတဲ့ဗြိတိန်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်မှု ရှိ၊ မရှိဆိုတာကို ဗြိတိန် တရားရုံးချုပ်က ပြန်လည်သုံးသပ်ပြီးနောက်မှာ အခုလိုဆုံးဖြတ်ခဲ့တာပါ။ ဗြိတိန်အစိုးရဘက်ကလည်း ဒီစွပ်စွဲမှုကို ပယ်ချထား ပါတယ်။ ဆော်ဒီရဲ့ယီမင် စစ်ပွဲအတွင်း ပါဝင်မှုစတင်တဲ့ ၂၀၁၅ ခုနှစ်၊ မတ်လကတည်းက ဆိုရင် ဗြိတိန်အစိုးရဟာ ဆော်ဒီ အာရေးဗျနိုင်ငံကို လက်နက်နဲ့ဆက်စပ်ပစ္စည်းတွေ တင်ပို့ခွင့်လိုင်စင်(၁၉၄)ခု ချထားပေးပြီးဖြစ်ပါတယ်။ အဲဒီလိုင်စင်တန် ဖိုးဟာ အမေရိကန်ဒေါ်လာ(၄.၂)ဘီလျံတန်ဖိုး အထိရှိနေတာဖြစ်ပါတယ်။
 
ယီမင်သမ္မတဟောင်း မန်ဆောဟာဒီကို ရာထူးပြန်လည် အပ်နှင်းနိုင်ဖို့ ယီမင်မှာ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတာပါ။ ယီမင်သမ္မတဟောင်း ဟာဒီဟာ သမ္မတအဖြစ် ရာထူးကနေ ဆင်းပြီးတဲ့နောက် ဟူသီသူပုန်တွေနဲ့ အာဏာမျှဝေဖို့ ငြင်းဆန်ကတည်းက ယီမင်မှာ တိုက်ပွဲတွေ ဖြစ်နေတာဖြစ်ပါတယ်။ 
 
 

Related News