တရုတ်နိုင်ငံ အရှေ့ပိုင်းက ကျန်းဆုပြည်နယ်မှာ တနင်္ဂနွေနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ နေအိမ်တစ်လုံး မီးလောင်မှုမှာ မသင်္ကာသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားတယ်လို့ တရုတ်ရဲတပ်ဖွဲ့ကပြောပါတယ်။ ယုဆန်မြို့က ဒီမီးလောင်မှုမှာ လူပေါင်း ၂၂ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ဒဏ်ရာရသူ ၃ ဦးရှိခဲ့ပါတယ်။ ဒီမီးလောင်မှုမှာ မသင်္ကာသူအဖြစ် ကျန်းဆိုသူ အမျိုးသား တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရုတ်ရဲတပ်ဖွဲ့ကပြောပါတယ်။ဒေသဆိုင်ရာရဲတပ်ဖွဲ့ကတော့ မသင်္ကာသူနဲ့ပတ်သတ်တဲ့သတင်းအချက်အလက်အသေးစိတ် ထုတ်ပြန်ထားတာမျိုးမရှိသေးဘူးလို့ တရုတ်နိုင်ငံပိုင် ဃဃွှဠ သတင်းဌာနက သတင်းဖော် ပြပါတယ်။ မီးဟာ တနင်္ဂနွေနေ့ညနေပိုင်းမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး တစ်နာရီနီးပါး လောင်ကျွမ်းခဲ့တယ်လို့ ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။ မီးလောင်ခဲ့တဲ့ ၂ ထပ် အိမ်ကို  စားသောက်ဆိုင်တစ်ဆိုင်က သူ့ရဲ့ဝန်ထမ်းတွေအတွ က်အဆောင်အဖြစ် ငှားရမ်းထားတာလို့ သိရပါတယ်။ မီးလောင်ချိန်မှာ ကြမ်းပြင် စတုရန်းမီတာ ၂၀၀ ရှိတဲ့အဲဒီအိမ်ထဲမှာ လူပေါင်း (၂၉)ဦး အထိရှိနေခဲ့တယ်လို့ သိရပါတယ်။
 
မီးလောင်မှုကို မီးသတ်ကား ၁၄ စင်းနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၇၁ ဦးတို့ က ငြိမ်းသတ်ခဲ့တာပါ။  မီးလောင်မှုမှာ သေဆုံးဒဏ်ရာရရှိသူတွေရဲ့ မိသားစုဝင်တွေနဲ့ဆွေမျိုးတွေကို ဥပဒေ ကြောင်းအရ နဲ့ စိတ်ပိုင်းဆိုင်ရာအရ အကူအညီပေးဖို့ ဘေးအန်္တရာယ်လျော့ပါးသက်သာရေးအဖွဲ့ ၂၄ ဖွဲ့ကို စေလွှတ်ထားတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းမှာဖော်ပြပါတယ်။ မီးလောင်မှုမှာ ဒဏ်ရာရရှိသူတွေဟာ အသက်အန်္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာမရှိဘူးလို့ သိရပါတယ်။ ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ ဒီမီးလောင်မှုကို ရှို့မီးအဖြစ် တရုတ်ရဲတပ်ဖွဲ့က ယူဆထားပြီး နောက်ထပ်စုံစမ်းစစ် ဆေးတာတွေ ဆက်လက်လုပ်ဆောင်နေတုန်း ဖြစ်ပါတယ်။ 
 
 
 

Related News