မြောက်ကိုရီးယားဟာ နိုင်ငံတည်ထောင်မှုအထိမ်အမှတ်အနေနဲ့ ဂျပန်နိုင်ငံကို ဖြတ်ကျော် နိုင်ချေရှိတဲ့ တိုက်ချင်းပစ်ပဲ့ ထိန်းဒုံးကျည် တစ်စင်းကို ပစ်လွှတ်လာနိုင်တယ်လို့ ဂျပန်ကာကွယ်ရေး ၀န်ကြီး “အီဆုနိုရီ အိုနိုဒဲရာ”က သတိပေးလိုက်ပါတယ်။ ဒါ့ကြောင့် မြောက်ကိုရီးယားဘက်က လှုပ်ရှားမှုမှန်သမျှကို ကာကွယ်ရေးဝန်ကြီးဌာနက စောင့်ကြည့်နေတယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။ မြောက်ကိုရီးယားက နောက်ဆုံးထုတ်ပြန် ထားတဲ့ကြေညာချက်တွေကို သုံးသပ်ပြီး ပြောဆိုတာဖြစ်ပေမဲ့ ဂျပန်နိုင်ငံအပေါ် ဖြတ်ကျော်သွားမယ့် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ် မလားဆိုတာတော့ ယတိပြတ်မပြောနိုင်ဘူးလို့လည်း ၀န်ကြီးကပြောပါတယ်။

ဒါ့ပြင် မြောက်ကိုရီးယားဟာ မနှစ်တုန်းက အခုလိုအချိန်တုန်းကလည်း ၅ ကြိမ်မြောက်နျူကလီးယား စမ်းသပ်မှုကို ပြုလုပ်ခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။ ဒါ့ပြင် နျူကလီးယားပေါက်ကွဲမှုတွေကနေ လျှပ်စစ်သံလိုက်ဓာတ်နှုန်းကို ကမောက်က မဖြစ်စေပြီး  ပျက်စီးဆုံးရှုံးမှုများစေအောင်လုပ်နိုင်စွမ်း ရှိတယ်လို့လည်း ပြုံရမ်းဘက်က ပြောဆိုထားတာကိုဝန်ကြီးက သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာ ပြောပါတယ်။ မြောက်ကိုရီးယားဘက်က အခုလိုပြောဆိုမှုဟာ ရုတ်တရက်ထွက်ပေါ်လာတာဖြစ်ပြီး ပဲထိန်းဒုံးကျည် လေထုထဲကို ပြန်လည်ဝင်ရောက်နိုင်တဲ့နည်းပညာ တိုးတက်မှုရှိနေပြီလို့ အတပ်မပြောနိုင်သေးပေမဲ့ မြောက်ကိုရီးယားဟာ ခြိမ်းခြောက်မှုလုပ်နိုင်တဲ့အသင့်အနေအထားမှာ ရှိနေတာကို ပြသနေတယ်လို့ ၀န်ကြီးကပြောပါတယ်။

 

 

Related News