မြောက်ကိုရီးယားနဲ့ဖြစ်ပွားနေတဲ့ တင်းမာမှုတွေဖြစ်ပွားနေချိန်မှာပဲ အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ် ရေဂင်ဟာ ကင်းလှည့်ရေးအလုပ် လုပ်ဆောင်ဖို့ တိုကျိုမြို့နားမှာရှိတဲ့ ယိုကိုဆုခါ ဆိပ်ကမ်းကနေ ထွက်ခွါ သွားပြီဖြစ်ပါတယ်။ နျူကလီးယား လောင်စာသုံးတဲ့ ဒီလေယာဉ်တင်သင်္ဘောဟာ ကာနာဂါဝါ စီရင်စုနယ်မှာရှိတဲ့ အမေရိကန် ရေတပ်စခန်းကနေ ထွက်ခွါခဲ့တာပါ။ ဂျပန်မှာရှိတဲ့အမေရိကန်ရေတပ် တပ်ဖွဲ့ကွပ်ကဲရေးတပ်ဖွဲ့ကတော့ ပုံမှန်ကင်း လှည့်ဖို့ထွက်ခွာတာလို့ ပြောပါတယ်။

ရော်နယ်ရေဂင် လေယာဉ်တင်သင်္ဘောကို ဂျပန်ပင်လယ်အတွင်းမှာ အခုနှစ်အစောပိုင်းကတည်းက ဖြန့်ကြက်ထားတာဖြစ်ပါတယ်။ သင်္ဘောဟာ နောက်ထပ် အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စကားလ်ဗင်ဆန်နဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးတဲ့နောက်မှာ သင်္ဘောဝန်ထမ်းတွေအနားယူနိုင်ဖို့နဲ့ ထောက်ပံ့ရေးပစ်္စည်းတွေ တင်ဖို့ သြဂုတ်လမှာ အမြဲတမ်းဆိုက်ကမ်းတဲ့ ဆိပ်ကမ်းကို ပြန်ခုတ်မောင်းလာတာဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုကြောင့် ရေဒါပျောက်တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်နဲ့ အမေရိကန်လေယာဉ်တင် သင်္ဘောတွေကို ကိုရီးယား ကျွန်းဆွယ်ကို ပုံမှန်စေလွှတ်သွားဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သဘောတူညီထားပါတယ်။

 

 

Related News