အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ပြီး အဲ့ဒီမိန့်ခွန်းဟာ အမုန်းတရားပွားစေတာတွေ ပါဝင်နေတယ်ဆိုပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က ဝေဖန်ပြောဆိုနေကြပါတယ်။ 
 
အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်ရဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပထမဆုံးအကြိမ် ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် သူဝေဖန်ခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ ကိုယ်စားလှယ်တွေက ပြစ်တင်ပြောဆိုခဲ့ပါတယ်။
 
သမ္မတထရမ့်က အီရန်နိုင်ငံဟာ ဆိုးသွမ်းတဲ့အုပ်ချုပ်ရေးစနစ် ရှိနေတဲ့နိုင်ငံတွေထဲမှာပါနေတယ်လို့ ပြောဆိုခဲ့ပြီး မြောက်ကိုရီးယားဘက်က အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို တိုက်ခိုက်မယ်ဆိုပြီး ဖိအားပေးလာရင်တော့ မြောက်ကိုရီးယားနိုင်ငံကို စစ်ရေးအရတုံ့ပြန်သွားမှာ ဖြစ်တယ်လို့ သူ့မိန့်ခွန်းထဲမှာပြောခဲ့ပါတယ်။
 
သမ္မတထရမ့်ဟာ အဆင်အခြင်မဲ့အမုန်းတရားများစေမယ့်စကားတွေကို ပြောဆိုခဲ့ တာဖြစ်တယ်ဆိုပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးကမှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့မိန့်ခွန်းမှာ ပါဝင်တဲ့အချက် အလက်တွေအပေါ် မြောက်ကိုရီးယားနိုင်ငံဘက်ကတော့ တစ်စုံတစ်ရာတုံ့ပြန် ပြောကြားထားခြင်းမရှိပါဘူး။
 
သမ္မတထရမ့်ရဲ့ မိန့်ခွန်းပြောဆိုနေစဉ်အတွင်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေက မသဲမကွဲတုံ့ပြန်ပြောဆိုခဲ့ကြသလို ညီလာခံတက် ကိုယ်စားလှယ် တစ်ဦးဆိုရင် သမ္မတထရမ့်ရဲ့မိန့်ခွန်းအတွင်း သူ့ရဲ့မျက်နှာကို လက်နဲ့အုပ်ထား ခဲ့တယ်လို့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။ သမ္မတထရမ့်ဟာ အခြေအနေနဲ့ အချိန်အခါကို မတွက်ဆဘဲ မိန့်ခွန်းပြောခဲ့တာလို့  ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးကလည်း ဝေဖန်ခဲ့ပါတယ်။
 
 

Related News