မြောက်ကိုရီးယားဟာ သူ့ရဲ့နျူကလီးယားလက်နက်စီမံကိန်းတွေကို စွန့်သွားဖို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား(၃)နိုင်ငံ ပူးပေါင်းပြီး နည်းဗျူဟာ ချမှတ်ဆောင်ရွက်သွားရမယ်လို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲက ပြောလိုက် ပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ သူ့ရဲ့နျူကလီးယားလက်နက်စွန့်ရေး နည်းဗျူဟာတစ်ခုကိုချမှတ်ဖို့ ဆွေးနွေးတာတွေပြုလုပ် သွားမယ်ဆိုပြီး ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲက ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ဆက်စပ်လုပ်ငန်းလုပ်ကိုင်နေသူတွေကို ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အမိန့်ကိုလည်း ထောက်ခံတယ်လို့ အာဘဲကပြောပါ တယ်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲဟာ တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကို အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့မှာ စက်တင်ဘာလ(၂၁) ရက်က တွေ့ဆုံပြီး (၃)နိုင်ငံထိပ်သီးအစည်းအဝေးပြုလုပ်စဉ်မှာ ပြောလိုက်တာပါ။  မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်စီမံကိန်းတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အဆုံးသတ်သွားနိုင်တယ်လို့ အမေရိကန် သမ္မတထရမ့်ကပြောပါတယ်။

မြောက်ကိုရီးယားရဲ့ကျူးကျော်စော်ကားတဲ့ အပြုအမူတွေဟာ ဂျပန်နိုင်ငံသားတွေအပေါ် ထိတ်လန့် သွားစေနိုင်ပြီး မြောက်ကိုရီးယားအရေးအတွက် တောင်ကိုရီးယားနဲ့ဂျပန်ပူးပေါင်းပြီး အဖြေရှာသွားမယ်လို့ တောင်ကိုရီးယား သမ္မတမွန်ဂျဲအင်ကပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားလက်နက် စွန့်သွားအောင်ပိတ်ဆို့မှုတွေလုပ်ပြီး ဖိအား ပေးဖို့ သမ္မတထရမ့်နဲ့ ၀န်ကြီးချုပ်အာဘဲတို့ ဆန်္ဒပြင်းပြနေတယ်ဆိုပြီး ဂျပန်ဝန်ကြီးချုပ်အာဘဲက ပြောပါတယ်။ 

 

 

 

 

Related News