ထိုင်းဝန်ကြီးချုပ်ဟောင်း ရင်လပ်ပြည်ပထွက်ပြေးမှုမှာ ကူညီခဲ့တယ်လို့ မသင်္ကာတဲ့ ထိုင်းရဲအရာရှိ ၃ ဦးကို စုံစမ်းမေးမြန်း တာတွေ လုပ်နေပြီလို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် သီရိဗာရ ရန်ဆီဘရာမန်နာခူ ကပြောလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း  ရင်လပ်ဟာ သူ့အပေါ်စွပ်စွဲထားတဲ့ အဂတိလိုက်စားမှုစွပ်စွဲချက်တွေအတွက် ထိုင်းတရားရုံးချုပ်ကနေ အမိန့်ချမှတ်မယ့် သြဂုတ်လ ၂၅ ရက် မတိုင်ခင်မှာ တရားရုံးတက်ဖို့ ပျက်ကွက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာမှ ယင်လပ်ပြည်ပထွက်ပြေးတာကို ထိုင်း အာဏာပိုင်တွေက သိရှိခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၂၃ ရက်မှာ ယင်လပ် ကမ္ဘောဒီးယားနယ်စပ်ကို သွားချိန် မှာ သုံးခဲ့ တယ်လို့ ယူဆရတဲ့ကားတစ်စင်းကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယင်လပ်ဟာ သူစွပ်စွဲခံထားရတဲ့ဆန်အတော်ကြေး အစီအစဉ်အတွက် တရားရုံးချုပ်က အမိန့် မချမှတ်ခင် ၂ ရက်အလိုမှာ ပြည်ပထွက်ပြေးခဲ့တာဖြစ်ပါတယ်။
 
စုံစမ်းမြေးမြန်းခံနေရတဲ့ အကြီးတန်းရဲအရာရှိ သုံးဦးထဲမှာ ၂ ဦးဟာ မြို့တော်ရဲတပ်ဖွဲ့ကဖြစ်ပြီး နောက်တစ်ဦးကတော့ နခွန် ပသွန်ရဲစခန်းက ဖြစ်တယ်လို့ ဒုတိယရဲချုပ်ကပြောပါတယ်။ လက်ရှိမှာ နောက်ထပ်စုံစမ်းစစ်ဆေးတာတွေနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်တာတွေ ရှိနေလို့ စုံစမ်း မေးမြန်းခံနေရသူ ရဲအရာရှိသုံးဦးကို ရာထူးကနေ ခေတ္တဖယ်ရှားထားတယ်လို့လည်း ရဲချုပ်ကပြောပါတယ်။ လက်ရှိမှာ ရင်ယပ်ကို တင်ခဲ့တယ်လို့ ယူဆထားပြီး ရဲတပ်ဖွဲ့က ရှာတွေ့ထားတဲ့ လိုင်စင်နံပါတ်ပြားအတုနဲ့ တိုယိုတာကားပေါ်က ဒီအန်အေနဲ့ လက်ဗွေရာတွေကို စစ်ဆေးတာတွေပြုလုပ်ဖို့ ဆေးမှုခင်းအဖွဲ့ကို အမိန့်ပေးထားပြီးဖြစ်တယ်လို့ ဒုတိယရဲချုပ်ကပြောပါတယ်။ ရင်လပ်ထွက်ပြေးမှုနောက်ကွယ်မှာ ဘယ်သူကအဓိကပါဝင်ခဲ့တယ်ဆိုတာကို သိပြီလို့ ထိုင်းဒုတိယ၀န်ကြီးချုပ်က ပြောထားပေမဲ့ ဘယ်သူဖြစ်တယ်ဆိုတာကိုတော့ နာမည်ထုတ်ပြောခြင်းမရှိသေးပါဘူး။ 
 
 

Related News