ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားနိုင်ငံဘက်က ၀င်ရောက် စွက်ဖက်ခဲ့တာမျိုးမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်က ရုရှားနိုင်ငံဟာ (၂၀၁၆)ခုနှစ်အတွင်းကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံရဲ့ရွေးကောက်ပွဲမှာ ၀င်ရောက် စွက်ဖက်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံခြားသတင်းဌာနအဖြစ် မှတ်ပုံတင်ဖို့ရှိနေတဲ့ ရုရှားတူဒေး သတင်းဌာနရဲ့ လက်ရှိအခြေအနေ တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။
 
အမေရိကန်ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလ အတွင်းမှာ ရုရှားမီဒီယာတွေက ၀င်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ သက်သေခိုင်ခိုင်လုံလုံမရှိဘူးလို့ သမ္မတပူတင်က ငြင်းဆိုခဲ့တာဖြစ်ပါတယ်။စွပ်စွဲမှုတွေကလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ပုတ်ခတ်ပြောဆိုခဲ့တယ်လို့ ယူဆရတဲ့အတွက် အမေရိကန်နိုင်ငံကသာလျှင် အဲ့ဒီစွပ်စွဲပြောဆိုတာတွေကို ဖြေရှင်းလိမ့်မယ်လို့ သမ္မတပူတင်ကပြောခဲ့ပါတယ်။
 
ရုရှားအစိုးရရဲ့ သဘောထားတွေကို ၀ါဒဖြန့်နေတယ်လို့စွပ်စွဲမှုတွေ တွေ့ကြုံနေရတဲ့ ရုရှားတူေးဒသတင်းဌာနနဲ့ပတ်သက်လို့တော့ ရုရှားသတင်းဌာနကြီးတစ်ခုကို အကျပ်အတည်းတွေဖြစ်စေတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်ကို ထိပါးလိုက်တာဖြစ်တယ်လို့ သမ်္မတပူတင်က မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ရုရှားတူဒေး သတင်းဌာနရဲ့အမေရိကန်ရုံးခွဲဟာ အမေရိကန်နိုင်ငံမှာ နိုင်ငံခြားသတင်းဌာနအဖြစ် မှတ်ပုံမတင် ဘူးဆိုရင် သတင်းဌာနရဲ့ဒါရိုက်တာဟာ အရေးယူခြင်းခံရမှာ ဖြစ်တယ်လို့ အမေရိကန် တရားရေး ဌာနက သတိပေးထားတယ်ဆိုတဲ့ သတင်းဌာနကတာဝန်ခံအယ်ဒီတာဖြစ်သူရဲ့ ပြောစကားကို ကိုးကားပြီး ၀ါရှင်တန်ပို့စ်သတင်းစာက သတင်းဖော်ပြထားပါတယ်။ 
 
 

Related News