ဂျပန် နိုင်ငံအတွင်းမှာ အခြေစိုက်တဲ့အမေရိကန် စစ်တပ်လေယာဉ်တွေရဲ့အစိတ်အပိုင်းတွေ အိုကီနာဝါစီရင်စုမှာ မကြာခဏ ပြုတ်ကျမှုဖြစ်ပွားနေလို့ စစ်တပ်လေယာဉ်တွေကို အရေးပေါ် စစ်ဆေးမှုတွေ ပြီးမှပျံသန်းဖို့ စီရင်စု အုပ်ချုပ်ရေးမှူးက ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့ပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အိုကီနာဝါစီရင်စုရဲ့အုပ်ချုပ်ရေးမှူးက အိုကီနာဝါစီရင်စုမှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းတွေမှာ ရှိတဲ့လေယာဉ်တွေအနေနဲ့ အရေးပေါ်စစ်ဆေးမှုတွေ ပြုလုပ်မပြီးမချင်း လေယာဉ်ပျံသန်းတာမလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာ(၁၄)ရက်က ဂျပန်နိုင်ငံမြို့တော်တိုကျိုမှာရှိတဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို သွားရောက်စဉ်မှာ သူကအခုလို ပြောခဲ့တာပါ။ ဒီဇင်ဘာလ(၁၃)ရက်မှာ အိုကီနာဝါစီရင်စုအတွင်းက မူလတန်းကျောင်း တစ်ကျောင်းရဲ့ကစားကွင်းကို အမေရိကန် ကြည်းတပ်ရဲ့ရဟတ်ယာဉ်တစ်စီးပေါ်က မှန်ပြတင်းပေါက် ကျခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးက ဂျပန်ကာကွယ်ရေးဝန်ကြီး ဌာနဒုတိယ၀န်ကြီးတိုမိုဟီရို ယာမာမိုတိုကို တောင်းဆိုခဲ့ပြီး ဒုတိယ၀န်ကြီးက မဖြစ်သင့်တဲ့အရာတစ်ခုဖြစ်ခဲ့လို့ ၀မ်းနည်းကြောင်း ပြောခဲ့ပါတယ်။
မတော်တဆဖြစ်ရပ်ကြောင့် အိုကီနာဝါဒေသခံတွေ စိတ်ပူပန်နေကြပြီး ကျောင်းနေ ကလေးငယ်တွေကို ဘယ်လို အန္တရာယ်တွေဖြစ်စေနိုင်တယ်ဆိုတာကို အုပ်ချုပ်ရေးမှူးက ကာကွယ်ရေး ဒုတိယ၀န်ကြီးကို ပြောခဲ့ပါတယ်။
ပြတင်းပေါက်ပြုတ်ကျ ခဲ့တဲ့ဃံ-၅၃ရဟတ်ယာဉ်ဟာ ဖူတီမာအမေရိကန်ကြည်းတပ်လေတပ်စခန်းကဖြစ်ပြီး မူလတန်းကျောင်းက တပ်စခန်းနဲ့ကပ်လျက် မှာရှိပါတယ်။ ဖူတီမာအခြေစိုက်စခန်းက ဒေသခံတွေကိုဖြစ်စေတဲ့ အန်္တရာယ်တွေကို ဖယ်ရှားပေးဖို့လည်း အုပ်ချုပ်ရေးမှူးကပြောခဲ့ပြီး အိုကီနာဝါစီရင်စုဟာ ဒီလိုမတော်တဆ ဖြစ်ရပ်တွေ မကြာခဏဖြစ်နေတယ်လို့လည်းဆိုပါတယ်။ ပြီးခဲ့တဲ့အောက် တိုဘာလတုန်းကလည်း အလားတူ CH-53 ရဟတ်ယာဉ်တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက် မီးလောင်မှုဖြစ်ခဲ့ပါတယ်။
