ပြီးခဲ့တဲ့နိုဝင်ဘာလလယ်မှာ အာဂျင်တီးနားရေတပ်က ဗျွဗဆန်ဂျူအန်ရေငုပ်သင်္ဘောနဲ့ သင်္ဘောအမှုထမ်းတွေပျောက်ဆုံးခဲ့ပြီးနောက် အာဂျင်တီးမားရေတပ်ဦးစီးချုပ် ရာထူးကထုတ်ပယ် ခံခဲ့ရပါတယ်။ အတ္တလန်္တိတ်သမုဒ္ဒရာတောင်ဘက်မှာ အာဂျင်တီးနားရေတပ်ပိုင်ရေငုပ်သင်္ဘောတစ်စီးနဲ့ အမှုထမ်းတွေ ပျောက်ဆုံးနေခဲ့ပြီးနောက် ပိုင်း အာဂျင်တီးနားနိုင်ငံရဲ့ရေတပ်ဦးစီးချုပ်ဟာ ရာထူးကထုတ်ပယ်ခံခဲ့ရပါတယ်။ အာဂျင်တီးနားကာကွယ်ရေးဝန်ကြီးက ရေတပ် ဦးစီးချုပ်မာဆယ်လို ဆာရူးကို ရာထူးကနေထုတ်ပယ်လိုက်ပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ဒီဇင်ဘာ (၁၅)ရက်က ကြေညာခဲ့ပါတယ်။ မာဆယ်လိုဆာရူးကို ရေတပ်ဦးစီးချုပ်အဖြစ် အာဂျင်တီးနားသမ်္မတ မော်ရိစီယို မက်ခရီက (၂၀၁၆)ခုနှစ် ဇန်န၀ါရီလမှာ ခန့်အပ်ခဲ့ တာဖြစ်ပါတယ်။
 
အာဂျင်တီးနားရေငုပ်သင်္ဘော ဗျွဗ ဆန်ဂျူအန်ဟာ လျှပ်စစ်ပိုင်းဆိုင်ရာ ပြသာနာရှိနေတယ်လို့ နိုဝင်ဘာလ လယ်လောက်က ပန်တာဂိုနီးယားကမ်းခြေနားကနေ သတင်းပို့ပြီးနောက် ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ သင်္ဘောပျောက်ဆုံး ပြီးနောက် နိုင်ငံတကာက ရှာဖွေးရေးအဖွဲ့အစည်းတွေ စုပေါင်းရှာဖွေခဲ့ပေမဲ့ သင်္ဘောကို ရှာမတွေ့ခဲ့ကြပါဘူး။ ရှာဖွေရေးလုပ်ငန်း တွေရပ်ဆိုင်းပြီလို့ ပြီးခဲ့တဲ့နှစ်ပတ်မှာ အာဂျင်တီးနားအစိုးရကပြောခဲ့ပေမဲ့ သင်္ဘောပေါ်ပါသွားတဲ့တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ကတော့ ရှာဖွေရေးလုပ်ငန်းတွေဆက်လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အထူးစုံစမ်းရေးကော်မရှင်တစ်ခုဖွဲ့စည်းပြီး သင်္ဘောပျောက်ဆုံး တဲ့အကြောင်းရင်းကိုစုံစမ်းဖော်ထုတ်ဖို့ အာဂျင်တီးနားသမ်္မတကဆောင်ရွက်နေပါတယ်။ အာဂျင်တီးနားကာကွယ်ရေးဝန်ကြီး အော်စကာ အက်ဂွတ်က စုံစမ်းရေးလုပ်ငန်းစဉ်တွေက ပွင့်လင်းမြင်သာမှုရှိမှာဖြစ်ပြီး ဘဏ္ဍာငွေအကန့်အသတ်မရှိသုံးစွဲခွင့်ရမှာ ဖြစ်တယ်ဆိုပြီး ပြောထားပါတယ်။ 
 
 

Related News