လာမယ့်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယားနိုင်ငံကိုယ်စားပြုမယ့်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်သွားမှာဖြစ်တယ်လို့ ဇန်န၀ါ ရီလ(၉)ရက်မှာပြုလုပ်ခဲ့တဲ့ ကိုရီးယား(၂)နိုင်ငံကြားဆွေးနွေးမှုအပြီးမှာ သတင်းထုတ်ပြန်ပါတယ်။ 
 
တောင်ကိုရီးယားနိုင်ငံပြုံချမ်းမြို့မှာ လာမယ့်ဖေဖော်ဝါရီလမှာကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယား အားကစားအဖွဲ့စေလွှတ်ဖို့ရှိနေတယ်လို့ တောင်ကိုရီးယားဘက်ကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံး အကြိမ် တောင်နဲ့မြောက်ကိုရီးယားထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် အဲဒီကြေငြာချက်ထွက်ပေါ်လာ တာပါ။ မြောက်ကိုရီးယားအားကစားအဖွဲ့မှာ အားကစားသမားတွေ၊ မြောက်ကိုရီးယားအရာရှိတွေနဲ့ အသင်းပရိသတ်တွေပါဝင် မှာပါ။ 
 
ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကာလမှာ ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာနေတဲ့ (၂)နိုင်ငံကမိသားစုတွေပြန်လည်တွေ့ဆုံပွဲ ပြုလုပ်ဖို့ကိုလည်း တောင်ကိုရီးယားဘက်က အဆိုပြုထားပါတယ်။ ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကာလအလယ်မှာကျ ရောက်မယ့် တရုတ်နှစ်သစ်ကူးကာလမှာ မိသားစုပြန်လည်တွေ့ဆုံပွဲတွေကျင်းပဖွယ်ရှိနေတယ်လို့ တောင်ကိုရီးယားဘက်က ခန့်မှန်းနေပါတယ်။
 
ကိုရီးယား(၂)နိုင်ငံကအားကစားသမားတွေအနေနဲ့ အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာ အတူပူးတွဲချီတက်ဖို့ တောင်ကိုရီးယားဘက်က အဆိုပြုထားပြီး မြောက်ကိုရီးယားဘက်က ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ (၂၀၀၆)ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာကိုရီးယား(၂)နိုင်ငံပူးပေါင်းပြီး ကိုရီးယားကျွန်းဆွယ်အလံကိုင်ဆောင်ချီတက်ခဲ့ဖူး ပါတယ်။ (၂)နိုင်ငံကြားဆွေးနွေးမှုတွေကို ဇန်န၀ါရီလ(၉)ရက်မှာ (၂)နိုင်ငံကြားစစ်မဲ့ဇုန်မှာရှိတဲ့ ပန်မွန်ဂျွန်းကျေးရွာမှာပြုလုပ်ခဲ့ပါတယ်။ 
 
 

Related News