ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့(၁၅)နှစ်က ပြိုင်ဘက်လူဆိုးဂိုဏ်းခေါင်းဆောင်(၁)ဦးကို အသေပစ်ခဲ့ရာမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ဂျပန်လူဆိုးဂိုဏ်းဝင်ဟောင်း(၁)ဦးကို ထိုင်းနိုင်ငံမှာ ဖမ်းမိခဲ့ပါတယ်။ 
ပြီးခဲ့တဲ့(၁၅)နှစ်က ဂျပန်နိုင်ငံတွင်း လူသတ်မှုအမြောက်အမြားကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက်(၇၄)နှစ်အရွယ်ဂျပန် လူဆိုးဂိုဏ်းဝင်ဟောင်း(၁)ဦးကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ရှီဂဲဟာရူ ရှီရာအီဟာ ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်တာနဲ့ တခြားပြစ်မှုတွေကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် ထိုင်းနိုင်ငံအလယ်ပိုင်း၊ လော့ဘူရီခရိုင်မှာ ဇန်န၀ါရီလ(၁၀)ရက် တုန်းက ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံအလယ်ပိုင်းမှာ (၂၀၀၃)ခုနှစ်တုန်းက နောက်ထပ်လူဆိုးဂိုဏ်း (၁)ဂိုဏ်းကခေါင်းဆောင်(၁)ဦးကို အသေပစ်ခဲ့ရာမှာ ရှီရာအီပါဝင်တယ်လို့ ဂျပန်ရဲတပ်ဖွဲ့ကသံသယရှိနေပါတယ်။

 

အဲဒီဖြစ်ရပ် ကြောင့် ရှီရာအီကို နိုင်ငံတကာမှာဝရမ်းထုတ်ထားတာပါတယ်။ ရှီရာအီဟာ ထိုင်းနိုင်ငံကို ပြီးခဲ့တဲ့(၁၃)နှစ်က စတင်ဝင်ရောက် နေထိုင်နေတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။ ဒေသခံ(၁)ဦးက ရှီရာအီနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံကို လူမှုကွန် ယက်စာမျက်နှာမှာ တင်ခဲ့တာကတစ်ဆင့် သူဘယ်မှာရှိနေတယ်ဆိုတာကို စုံစမ်းနိုင်ခဲ့တာဖြစ်ပြီး လူသတ်မှုကျူးလွန်ခဲ့ရာမှာပါဝင် တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပတ်သက်လို့ ရှီရာအီက တစ်စုံတစ်ရာဖွင့်မပြောသေးဘူးဆိုပြီး ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုင်းရဲတပ်ဖွဲ့ ရဲ့စုံစမ်းစစ်ဆေးမှုတွေပြီးဆုံးသွားရင်တော့ ရှီရာအီကို ဂျပန်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးမှာဖြစ်တယ်လို့ ဂျပန်အာဏာပိုင် တွေကပြောပါတယ်။ ရှီရာအီဟာ ထိုင်းအမျိုးသမီး(၁)ဦးနဲ့အတူ လော့ဘူရီခရိုင်မှာ နေထိုင်တာ(၁၀)နှစ်ကျော်ကြာနေပြီဖြစ် တယ်လို့လည်း သိရပါတယ်။  

 

 

 

Related News