ထိုင်းနိုင်ငံက ဆာခေအိုခရိုင်မှာ ဖေဖော်ဝါရီလ(၂)ရက်မနက်ပိုင်းက ပစ်ကပ်ကားသစ်တစ်စီး လမ်းချော်ခဲ့တာကြောင့် ကမ္ဘောဒီး ယားနိုင်ငံသား(၂)ဦးသေဆုံးခဲ့ပြီး နောက်ထပ်ကမ္ဘောဒီးယားနိုင်ငံသား (၁၃) ဦးဒဏ်ရာရခဲ့ပါတယ်။ ဘန်မိုင်နောင်ဆိုင်းမြို့မှာ ပစ်ကပ်ကားသစ်တစ်စီးမှောက်ခဲ့တာကြောင့် အမျိုးသား(၁)ဦးနဲ့အမျိုးသမီး(၁)ဦးသေဆုံးခဲ့တယ်လို့ အရန်ညာပရာသက်ရဲစခန်းက ပြောပါတယ်။ ဒဏ်ရာရခဲ့သူတွေက အမျိုးသား(၈)ဦးနဲ့အမျိုးသမီး(၄)ဦးအပြင် ကလေးငယ်တစ်ဦးလည်းပါဝင်ပါတယ်။ ကယ် ဆယ်ရေးလုပ်သားတွေက ဒဏ်ရာရသူတွေကို အရန်ညာပရာသက်ဆေးရုံကိုပို့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီကမ္ဘောဒီးယား နိုင်ငံသားတွေအားလုံးဟာ ထိုင်းနိုင်ငံကို တရားမ၀င်ရွှေ့ပြောင်း လာသူတွေဖြစ်ကြပြီး ပသွန်သာနီခရိုင်မှာအလုပ်လုပ်ဖို့ လာရောက်ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီကမ္ဘောဒီးယားနိုင်ငံသားတွေကို ထိုင်းအမျိုးသမီးတစ်ဦးက တစ်ဦးကို ထိုင်းဘတ်ငွေ(၂၂၀၀)နှုန်းနဲ့ တာဖရာယကနေ ပသွန်သာနီခရိုင်ကို သယ်ပို့ပေးခဲ့တာဖြစ်ပြီး အခင်းဖြစ်တုန်းမှာ အဲဒီအမျိုးသမီးထွက်ပြေးသွားတာကြောင့် ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ 
 
 

Related News