တရုတ်နဲ့ဗြိတိန်နိုင်ငံကြားကုန်သွယ်မှုအတားအဆီးတွေကိုဖယ်ရှားဖို့နဲ့ တရုတ်နိုင်ငံနဲ့လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ကို ရှန်ဟိုင်းမြို့မှာ ဖေဖော်ဝါရီလ(၂)ရက်က ကျင်းပတဲ့ တရုတ်-ဗြိတိန်စီးပွားရေးဖိုရမ်မှာ ဗြိတိန်ဝန်ကြီးချုပ်ထရီဇာမေက တိုက်တွန်းခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး ရွှေခေတ်ကိုရောက်ဖို့ ဦးတည်ကြိုစားနေကြချိန်မှာ အခုဖိုရမ်ဟာ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့အတွေးအခေါ်တွေ ဖလှယ်ပေးနိုင်မှာဖြစ်တယ်လို့ မေကပြောခဲ့ပါတယ်။ ၀န်ကြီးချုပ်မေရဲ့အခုခရီးစဉ်မှာ မေနဲ့အတူဗြိ တိန်စီးပွားရေးလုပ်ငန်းတွေက ကိုယ်စားလှယ်တွေလည်း လိုက်ပါလာပါတယ်။
 
ပွင့်လင်းတဲ့ ဈေးကွက်ရဲ့သဘောသဘာဝကို တရုတ်နိုင်ငံဘက်ကနားလည်စေရေးမှာ ဗြိတိန်ဘက်ကကူညီသွားမှာ ဖြစ်ပြီး အခုလိုကူညီတာကြောင့် နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေ ပိုလေးနက်လာစေမယ်လို့ မျှော်လင့်နေတယ်ဆိုပြီး မေကပြောပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုစာအတွင်း တရုတ်နဲ့ဗြိတိန်နိုင်ငံတို့ဟာ ပညာရေး၊ ကုန်သွယ်ရေးနဲ့ ငွေကြေးဆိုင်ရာကိစ်္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေများလာ တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြပါတယ်။ ဇန်န၀ါရီလ(၃၁)ရက်ကနေ ဖေဖော်ဝါရီလ(၂)ရက် အထိ (၃)ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာသန်း(၁၂၈၀)ကျော်တန်ဖိုးရှိ စီးပွားရေးသဘောတူညီမှုတွေပြုလုပ်နိုင်ခဲ့တယ်လို့ မေ က ပြောပါတယ်။
 
 

Related News