ဖေဖော်ဝါရီလ(၃)ရက်မှာ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့နယ်မြေမှာ ရုရှားစစ်လေယာဉ် တစ်စီးပစ်ချခံခဲ့ရတာကြောင့် ရုရှားနိုင်ငံဘက်က ပြန်လည်တုံ့ပြန်မှုတွေပြုလုပ်နေပါတယ်။ ရုရှားစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဆီး ရီးယားစစ်သွေးကြွ အယောက်(၃၀)လောက်သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောတယ်ဆိုပြီး TASS သတင်း ဌာနက သတင်းဖော်ပြပါတယ်။

စစ်လေယာဉ်မောင်းသူဟာ လေထီးခုန်ပြီး လေယာဉ်ပေါ်ကနေထွက်ပြေးနိုင်ခဲ့ပေမဲ့ မြေပြင်ပေါ်က ဆီးရီးယားအကြမ်းဖက်သမားတွေနဲ့ တိုက်ပွဲဖြစ်ပွားရာမှာ သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပခုံး ထမ်းလေယာဉ်ဖျက်ဒုံးကျည်နဲ့လေယာဉ်ကိုပစ်ချခဲ့တာဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ သာရီယာအယ်လ်ရှန်းအကြမ်းဖက်အ ဖွဲ့ကကြေညာခဲ့ပါတယ်။

ရုရှားနဲ့အီရန်တို့က အထောက်အပံ့ ပေးထားတဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ ခွဲထွက်ရေးသမားတွေကြား တိုက်ပွဲတွေဖြစ်နေတဲ့ အဒ်လစ်ဘ်ပြည်နယ်မှာ လေယာဉ်ပစ်ချခံခဲ့ရတာဖြစ်ပါတယ်။ ရုရှားလေယာဉ်ပစ်ချခံခဲ့ရတဲ့ သတင်းကိုကြား သိခဲ့ရပြီး အမေရိကန်နိုင်ငံဟာ ဆီးရီးယားနိုင်ငံကစစ်သွေးကြွတွေကို ဒုံးကျည်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့စွပ်စွဲချက်တွေဟာ မှားယွင်းနေတယ်လို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောခွင့်ရှိသူ ဟီသာနော့တ်ကပြောခဲ့ပါတယ်။ 

 

 

 

Related News