ဥရောပတိုက်က မက်ဆီဒိုး နီယားနိုင်ငံရဲ့အမည်ပြောင်းလဲသတ်မှတ်မှုဟာ ဂရိနိုင်ငံက ဒေသတစ်ခုရဲ့နာမည်နဲ့ တူညီနေလို့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားမှုတွေဖြစ်လာနိုင်တယ်ဆိုပြီး ဂရိနိုင်ငံသားတွေက ဆန္ဒပြနေပါတယ်။ယခင်ယူဂိုဆလပ်ဗ်နိုင်ငံဟောင်းမှာပါဝင်တဲ့ မက်ဆီဒိုးနီးယားသမ္မတနိုင်ငံဟာ နိုင်ငံရဲ့တရားဝင် အမည်ကို မက်ဆီဒိုးနီးယားနိုင်ငံလို့ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် ဂရိနိုင်ငံမြို့တော်အေသင်မှာ ဂရိနိုင်ငံသားသိန်းချီဟာ ဆန္ဒပြနေကြပါတယ်။ ဂရိနိုင်ငံမြောက်ပိုင်းမှာ မက်ဆီဒိုးနီးယားဆိုတဲ့ ဒေသတစ်ခုရှိပြီး မက်ဆီဒိုးနီးယားသမ္မတနိုင်ငံရဲ့ နာမည်ပြောင်းလဲ သတ်မှတ်မှုကြောင့် နာမည်တူသွားတဲ့အတွက် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားရဖွယ်ရှိနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲစီစဉ်သူတွေက ဆန်္ဒပြရာမှာ လူ(၁)သန်းခွဲကျော်ပါဝင်တယ်လို့ပြောထားပေမဲ့ အနည်းဆုံးလူ(၁၄၀၀၀၀)လာက်ပဲရှိတယ်လို့ ဂရိရဲတပ်ဖွဲ့ကပြော ထားပါတယ်။ အခုဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့(၂)ပတ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး မက်ဆီဒိုးနီးယားဒေသရဲ့မြို့တော် သက်ဆလာ လိုနီကီမှာ ဇန်န၀ါရီလ(၂၁)ရက်က လူ(၉၀၀၀၀)ကျော်ဆန္ဒပြခဲ့ကြပါတယ်။ အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂက ကြားခံပေးပြီး နှစ်နိုင်ငံအစိုးရတွေဟာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။

ဒါပေမဲ့ ဂရိနိုင်ငံသားတွေရဲ့လွတ်လပ်စွာ ပြော ဆိုခွင့်အတွက်  နိုင်ငံမြောက်ပိုင်းက မက်ဆီဒိုးနီးယားဒေသခံတွေနဲ့ သဘောတူညီမှုရဖို့အတွက် ဆန္ဒခံယူသင့်တယ်လို့ ဆန္ဒပြသူ တွေက တောင်းဆိုနေကြပါတယ်။ လာမယ့်လအနည်းငယ်အတွင်းမှာ အငြင်းပွားမှုကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပြီး မကြာမီမှာပဲ ဂရိနိုင်ငံခြားရေးဝန်ကြီး နီကော့စ် ကော်ဇီယာစ်ဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ တွေ့ကြုံခဲ့ရတယ်ဆိုပြီး ဂရိမီဒီယာတွေက သတင်းဖော်ပြပါတယ်။ 

 

 

 

Related News