ပြီးခဲ့တဲ့လပိုင်းအတွင်း မတော်တဆမှုတွေဖြစ်ပွားခဲ့တဲ့ အမေရိကန်လေယာဉ်အခြေစိုက် စခန်းပြောင်းရွှေ့နေရာချထားရေး ဆက် လုပ်သွားဖို့ရှိနေတယ်လို့ ဂျပန်ဝန်ကြီးချုပ်ကပြောပါတယ်။ ဖေဖေါ်ဝါရီလ(၅)ရက်မှာကျင်းပတဲ့ ဂျပန်နိုင်ငံ၊ အိုကီနာဝါစီရင်စုကနာဂိုမြို့ရဲ့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ အာဏာရပါတီက ထောက်ခံထားတဲ့မြို့တော်ဝန်လောင်းအနိုင်ရခဲ့တဲ့အတွက် ၀မ်းမြောက်မိတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲကပြောပါတယ်။
 
ဒါ့အပြင် အိုကီနာဝါစီရင်စုက အမေရိကန်ကြည်းတပ်ရဲ့ဖူတန်မားလေယာဉ်အခြေစိုက်စခန်းကို နာဂိုမြို့ရဲ့ကမ်းရိုးတန်းနေရာဆီ ပြောင်းရွှေ့နေရာချထားရေးအငြင်းပွားဖွယ်အဆိုကို ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း အာဘဲကကတိပြုခဲ့ပါတယ်။ မြို့တော် ၀န်ရွေးကောက်ပွဲမှာ အိုကီနာဝါစီရင်စုမြောက်ပိုင်းကနာဂိုမြို့ကို ဖူတန်မားအခြေစိုက်စခန်းပြောင်းရွှေ့နေရာချထားရေးလိုလား တဲ့ဂျပန်ဗဟိုအစိုးရရဲ့အဆိုကို ကန့်ကွက်နေတဲ့ဆူဆူမူ အီနာမီနဲကို အာဘဲရဲ့အာဏာရညွှန့်ပေါင်းပါတီက ထောက်ခံထားတဲ့ တာကီတိုယို တိုဂူချီက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
 
မဲဆွယ်ကာလမှာ မြို့ရဲ့စီးပွားရေးတိုးတက်လာစေဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တိုဂူချီက ကတိပြုထားပါတယ်။ အခုတစ်ပတ်အတွင်းမှာ အမေရိကန် ဒုတိယသမ်္မတ မိုက်ခ်ပန့်စ် ဂျပန်နိုင်ငံကိုလာ ရောက်မှာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ 
နျူကလီးယားနဲ့ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ်္စရပ် တွေကို ဆွေးနွေးသွားဖို့ရှိနေချိန်မှာပဲ တိုဂူချီအနိုင်ရခဲ့တာဖြစ်ပါတယ်။ ဖူတန်မားအခြေစိုက်စခန်းကို နေရာပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ်မှာ ဂျပန်တရားရုံးချုပ်က အမိန့်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်န၀ါရီလမှာ ဖူတန်မားအခြေစိုက်စခန်းက လေယာဉ်တွေရဲ့ မတော်တဆမှုတွေကြောင့် ဒေသခံတွေက ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါတယ်။ 
 
 

Related News