နိုင်ငံရေးမတည်ငြိမ်မှုတွေပိုဆိုးလာတဲ့မော်ဒိုက်နိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာပြီး နာရီပိုင်းအတွင်းမှာ တရားသူကြီးချုပ်““အဗ္ဗဒူလာဆာရိဒ်””နဲ့ တရားသူကြီးအလီဟာမိဒ်တို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီး ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ မော်ဒိုက်အစိုးရဘက်က အသေးစိတ် ထုတ်မပြောသေးပါဘူး။ အတိုက်အခံနိုင်ငံရေးသမားတွေကိုလွှတ်ပေးဖို့ တရားရုံးချုပ်ရဲ့အမိန့် ထုတ် ပြန်ချက်အပေါ် မော်ဒိုက်သမ်္မတအဗ်္ဗဒူလာ ယာမီးန်က ငြင်းဆိုခဲ့ပြီးနောက် အခုဖြစ်ရပ်ဖြစ်ခဲ့တာပါ။

သမ္မတယာမီးန်ဟာ နိုင်ငံရေး အမြစ်ပြတ်သုတ်သင်မှုတွေပြုလုပ်နေတယ်လို့ အတိုက်အခံတွေကသတ်မှတ်နေကြပြီး အခုဖြစ်ရပ်နဲ့ပတ်သက်လို့ နိုင်ငံတကာက ရှုတ်ချနေကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ အတိုက်အခံခေါင်းဆောင်တွေကို လွှတ်ပေးဖို့နဲ့ သမ္မတဟောင်း““မိုဟာမက် နာရှိ””ကို ပြည် နှင်ဒဏ်ချမှတ် ထားတာဟာ နိုင်ငံရဲ့ဖွဲ့စည်းပုံဥပဒေနဲ့မညီညွတ်ဘူးလို့ မော်ဒိုက်တရားရုံးချုပ်က အမိန့်ချခဲ့ပါတယ်။

တရားရုံးချုပ်ရဲ့ အမိန့်တည်နိုင်ရေးကြိုးပမ်းသွားမယ်လို့ မော်ဒိုက်ရဲမှူးချုပ်က ပြောခဲ့ပြီးနောက် သမ်္မတ““အဗ္ဗဒူလာ””က သူ့ကိုရာထူးကထုတ်ပယ်ခဲ့ပါတယ်။ အာဏာသိမ်းဖို့ကြိုးစားတာ(ဒါမှမဟုတ်) သမ်္မတ““ယာမီးန်””ကို ရာထူးကနေဖယ်ရှားဖို့ ကြိုးစားတာတွေကိုခုခံဖို့ မော်ဒိုက်စစ်တပ်ကို အမိန့်ထုတ်ပြန် ထားပါတယ်။ မော်ဒိုက်ကျွန်းစုနိုင်ငံဟာ ကျွန်းပေါင်း(၁၁၉၂)ခုနဲ့ဖွဲ့စည်းထားပြီး ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဟာ နိုင်ငံရဲ့အဓိကစီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ 

 

 

Related News