ဂျာမနီနိုင်ငံက ဗဟိုလက်ယာယိမ်း ဆိုရှယ်ဒီမိုကရတ်ပါတီ SPD ဟာ ဂျာမနီအစိုးရအဖွဲ့ အဓိပတိဟောင်း““အန်ဂျလာ မာကယ်ဦး””ဆောင်တဲ့ (CDU/CSU) ပါတီတို့နဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးသဘောတူဖို့ ရှိနေပြီလို့ ယူရိုနယူးစ်သတင်းဌာနက သတင်းဖော် ပြပါတယ်။ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးမှာ အစိုးရအဖွဲ့ဝန်ကြီးနေရာတွေကို ခွဲဝေရတာဟာ နောက်ဆုံးကြုံတွေ့ခဲ့ရတဲ့ ပြသာနာတွေ ထဲက(၁)ခုဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ စက်တင်ဘာလ ဂျာမနီရွေးကောက်ပွဲပြီးဆုံး ကတည်းက အစိုးရအဖွဲ့ မရှိတဲ့ဂျာမနီနိုင်ငံမှာ အခုသဘောတူညီမှုကြောင့် ကာလရှည်အငြင်းအခုံပြုနေရ တာတွေ ရပ်တန့်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီလ(၆)ရက်မနက်ပိုင်းကတည်းက ပါတီ(၂)ခုရဲ့ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေကို စတင်နေခဲ့ပြီး နောက်ထပ် သဘောတူနိုင်ဖို့လိုအပ် တာကတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဖြစ်တယ်လို့သိရပါတယ်။ ဂျာမနီအဓိပတိ ဟောင်းမာကယ်ရဲ့ပါတီနဲ့ မဟာညွှန့်ပေါင်းအစိုးရဖွဲ့ရေး ဆက်မဆွေးနွေးတော့ဖို့ SPD ပါတီဘက်က စီစဉ်ခဲ့ပေမဲ့ လချီကြာနေတဲ့ အငြင်းအခုံတွေဖြစ်ပြီးနောက် ဂျာမနီနိုင်ငံဟာ အခုလာမယ့်အီစတာ ပွဲတော်ကာလမှာ အစိုးရတစ်ရပ်ရှိလာတော့မှာပါ။SPD ပါတီဝင်(၄၆၀၀၀၀)ကျော်ဟာ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ ညွန့်ပေါင်းအစိုးရဖွဲ့ရေးအပေါ် ဆန္ဒပြုရမှာ ဖြစ်ပါတယ်။ 

 

 

 

Related News