အခု (၂၀၁၈)ခုနှစ်အတွင်း တရုတ်နိုင်ငံနဲ့အာဆီယံ(၁၀)နိုင်ငံတို့ပူးပေါင်းစစ်ရေးလေ့ကျင့်မှု (၂)ကြိမ်ပြုလုပ်ဖို့ရှိနေတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရှိသူက ပြောပါတယ်။ စင်ကာပူနိုင်ငံမှာ(၂)ရက်ကြာပြုလုပ်ခဲ့တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများသီးသန့်အစည်းအဝေး(ဗြီ)မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် နိုင်ငံချင်းပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့နဲ့ ရေကြောင်းလေ့ကျင့်မှုပြုလုပ်ဖို့ အာဆီယံနိုင်ငံတွေနဲ့တ ရုတ်နိုင်ငံတို့ သဘောတူခဲ့တယ်လို့ ထိုင်းနိုင်ငံပိုင် PSM သတင်းဌာနက သတင်းဖော်ပြပါတယ်။

အခုနှစ်အတွင်း တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်သွားမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး ပရာဝပ် ၀မ်ဆူဝမ်အပါအ၀င် အာဆီယံ(၁၀)နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေသဘောတူခဲ့ကြတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရှိသူ ဗိုလ်မှူး ကြီးကွန်ချိ တန်တရာဗာနစ်ခ်ျက ဖေဖော်ဝါရီလ (၇)ရက်မှာ ပြောခဲ့ပါတယ်။ အာဆီယံ-တရုတ်ရေကြောင်းဆိုင်ရာ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုတွေ (၂)ကြိမ်ပြုလုပ်မှာဖြစ်ပြီး ပထမ(၁)ကြိမ်က အောက်တိုဘာလလောက်မှာဖြစ်နိုင်ပြီး ဒုတိယ(၁)ကြိမ်ကတော့ နိုဝင်ဘာလကုန်(ဒါမှမဟုတ်)ဒီဇင်ဘာလလောက်မှာဖြစ်နိုင်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနသတင်းရင်းမြစ်တွေကပြော တယ်ဆိုပြီး PSM သတင်းမှာပါဝင်ပါတယ်။ 

ပူးပေါင်းစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို ဆွေး နွေးမယ့်အစည်းအဝေးတွေကိုစီစဉ်ထားပြီး ဒေသတွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ ပူးတွဲကြေညာချက်(၁)စောင် ကို အာဆီယံကာကွယ်ရေးဝန်ကြီးတွေက ထုတ်ပြန်ခဲ့တယ်ဆိုပြီး ဗိုလ်မှူးကြီးကွန်ချိပြောပါတယ်။ အာဆီယံနိုင်ငံချင်းသာမက အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါ ၀င်တယ်ဆိုပြီး သိရပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲက ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့နဲ့ တောင်တရုတ်ပင်လယ်တွင်းမှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားမှုတွေရှိနေပါတယ်။

 

 

Related News