မြောက်ကိုရီးယားနိုင်ငံကိုလာရောက်ဖို့ တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်ကို မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်က ဖိတ်ကြားခဲ့ပါတယ်။ ခေါင်းဆောင်ကင်ရဲ့ဖိတ်ကြားချက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားသွားမှာဖြစ်ပြီး အမေရိကန်နဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြန်လုပ်ဖို့ သမ္မတမွန်းကတုံ့ပြန်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတအိမ်တော်မှာ သမ္မတမွန်းနဲ့ ဖေဖော်ဝါရီလ (၉)ရက်က တွေ့ဆုံစဉ် ခေါင်းဆောင်ကင်ရဲ့ဖိတ်ကြားလွှာကို သူ့ရဲ့ညီမဖြစ်သူ ကင်ယိုဂျွန်းက ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
 
မြောက်ကိုရီး ယားနိုင်ငံကို အမြန်ဆုံးလာရောက်ဖို့ ကင်ယိုဂျွန်းက ပြောခဲ့တယ်ဆိုပြီး တောင်ကိုရီးယားသမ္မတအိမ်တော်ပြောခွင့်ရှိသူကပြောပါ တယ်။ သမ္မတမွန်းနဲ့ တွေ့ဆုံခဲ့တာဟာ ကင်ယိုဂျွန်းသာမကဘဲ မြောက်ကိုရီးယားနိုင်ငံရဲ့ ပွဲအခမ်းအနားဆိုင်ရာ အကြီးအကဲနဲ့ လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ကင်ယောင်နမ်လည်းပါဝင်ခဲ့ပြီး သူတို့(၂)ဦးဟာ (၁၉၅၀)ပြည့် လွန်နှစ်တွေနောက်ပိုင်းမှာ တောင်ကိုရီး ယားနိုင်ငံကိုပထမဆုံးသွားရောက်တဲ့ မြောက်ကိုရီးယား ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ဖြစ်ပါတယ်။ ခေါင်းဆောင်တွေရဲ့တွေ့ဆုံ မှုဟာ (၃)နာရီလောက်ကြာပြီး ခေါင်းဆောင်တွေဟာ ကိုရီးယားရိုးရာအစားသောက်တွေနဲ့အတူတူစားခဲ့ကြတယ်လို့ တောင်ကိုရီး ယားသမ္မတအိမ်တော်က သတင်းထုတ်ပြန်ပါတယ်။
 
 
 

Related News