ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံခဲ့ရလို့ လေကြောင်းတိုက်ခိုက်မှုနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပြီး ဆီးရီးယားပြည်တွင်းစစ်မှာ ပါဝင်မှာမ ဟုတ်ဘူးလို့ အမေရိကန်အစိုးရဘက်က ပြောပါတယ်။ နှစ်ချီကြာနေပြီဖြစ်တဲ့ဆီးရီးယားပြည်တွင်းစစ်ထဲကို အမေရိကန်ပါဝင်သွားမှာမဟုတ်ဘဲ အမေရိကန်တပ်ဖွဲ့တွေကို ထိခိုက်မယ်ဆို ရင်တော့ အင်အားသုံးတုံ့ပြန်သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရှိသူ ဟီသာနော့ကပြောပါတယ်။ အခုတစ်ပတ်အတွင်း အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားအစိုးရလိုလား တဲ့တပ်ဖွဲ့ဝင်(၁၀၀)ကျော်သေဆုံးခဲ့ပါတယ်။
 
အမေရိကန်ဦးဆောင်တဲ့ညွှန့်ပေါင်းတပ်ဖွဲ့တွေနဲ့ ဆီးရီးယားနိုင်ငံက အကြမ်းဖက် သမားတွေကိုတိုက်ခိုက်နေတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF)တို့ကို ဆီးရီးယားအစိုးရလိုလားတဲ့တပ်ဖွဲ့တွေက တင့်ကားတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ ဆီးရီးယားနိုင်ငံ၊ ဒီအယ်ဇောမြို့ နားက(SDF) စခန်း(၁)ခုကို ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်ဦးရေ(၃၀၀)လောက်က ဖေဖော်ဝါရီလ(၇)ရက်မှာ တိုက်ခိုက်ခဲ့ပေမဲ့ အမေ ရိကန်ဦးဆောင်တဲ့ညွှန့်ပေါင်းတပ်ဖွဲ့တွေက ပြန်တိုက်ခဲ့လို့ နောက်ပြန်ဆုတ်သွား တယ်ဆိုပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်စ်က ပြောပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်ပြောခွင့်ရှိသူ ဒါနာဝှိုက်ကပြောခဲ့ပြီး အဲဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ရုရှားဘက်က ရှုတ်ချပြောဆို ခဲ့ပါတယ်။ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး  အမေရိကန်အောက်လွှတ်တော်ရဲ့ နိုင်ငံခြားဆက်ဆံရေး နှင့်လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီဝင်(၁)ဦးက ဝေဖန်ပြောဆိုခဲ့ပါတယ်။
 
 
 

Related News