မြောက်ကိုရီးယားနဲ့စစ်ရေးတင်းမာမှုတွေ လျှော့ချဖို့နဲ့ ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာနေတဲ့ ကိုရီးယားမိသားစုတွေ ပြန်တွေ့နိုင်ဖို့ တောင်ကိုရီးယားဘက်က လိုလားနေတယ်ဆိုပြီး တောင်ကိုရီးယား 
ပေါင်းစည်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ကိုရီးယား(၂)နိုင်ငံကြားထိပ်သီးညီလာခံဖြစ်လာနိုင်ခြေရှိနေချိန်မှာပဲ ကိုရီးယားစစ်ပွဲကြောင့်ကွဲကွာ နေတဲ့ (၂)နိုင်ငံကမိသားစု တွေပြန်တွေ့နိုင်ရေး 
ထပ်ကြိုးစားသွားမှာဖြစ်ပြီး နှစ်နိုင်ငံကြားစစ်ရေးတင်းမာ မှုတွေ လျှော့ချနိုင်ဖို့လိုလားနေတယ်လို့ တောင်ကိုရီးယားဘက်က ဖေဖော်ဝါရီလ(၁၂)ရက်မှာ ပြောပါတယ်။
 
ပြုံချမ်းဆောင်းရာသီအိုလံဖွင့်ပွဲတက်ရောက်ဖို့ မြောက်ကိုရီးယားအဆင့် မြင့်ကိုယ်စားလှယ် အဖွဲ့ရဲ့(၃)ရက်ကြာခရီးစဉ်အပြီးမှာ တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် လိုက်တာပါ။ အခုခရီးစဉ်ဟာ (၂)နိုင်ငံကြားဆက်ဆံရေးတိုးတက်လာဖို့ မြောက်ကိုရီးယားဘက်က ဆန္ဒထက်သန်နေတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်ပြီး လိုအပ်လာမယ်ဆိုရင် မကြုံစဖူးစိတ်အား ထက်သန်တဲ့ ဆောင်ရွက်မှုတွေပြုလုပ်သွားမယ်လို့ဆိုလိုတာဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
 
ပြုံချမ်းဆောင်းရာသီအိုလံပစ်မှာ မြောက်ကိုရီးယားတွေပါဝင်ခဲ့တာကို တောင်ကိုရီးယား နိုင်ငံသားတွေက ကြိုဆိုကြပေမဲ့ နိုင်ငံတွင်းကရော၊ နိုင်ငံတကာကရော အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကန့်ကွက်နေတာတွေ လည်း ရှိတယ်လို့လည်းပါဝင်ပါတယ်။ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့မှာ ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျွန်းလည်း ပါဝင်ပြီး ကင်ဂျုံအန်ရဲ့ဖိတ်ကြားလွှာကို တောင်ကိုရီးယားသမ္မတ မွန်ဂျဲအင်ကို ကင်ယိုဂျွန်းကပေးခဲ့တာဖြစ်ပါတယ်။ ထိပ်သီး အစည်းအဝေးဖြစ်မြောက်ရေး စီစဉ်သွားမှာ ဖြစ်တယ်လို့ သမ္မတမွန်းကတုံ့ပြန်ခဲ့တယ်ဆိုပြီး တောင်ကိုရီးယားသမ္မတအိမ်တော်က သိရပါတယ်။ ကိုရီးယား(၂)နိုင်ငံကြားထိပ်သီးအစည်းအဝေးကျင်းပဖြစ်မယ်ဆိုရင် ပြီးခဲ့တဲ့ဆယ်စုနှစ်(၁)ခုစာအတွင်း (၂)နိုင်ငံ ခေါင်းဆောင်တွေပါဝင်မယ့် ပထမဆုံးအကြိမ်အစည်းအဝေး ဖြစ်ပါတယ်။  
 
 
 

Related News